"မောင်..ရာ..ငါမဝတ်ချင်ဘူးလို့"
"၁နာရီဘဲလေအချစ်ရယ်။၁နာရီဘဲဝတ်ပေးမယ်မလား"
လင်းပြည့်နဲ့နှောင်းခန့်ခဏနေပါတီအတွက်ဝတ်မဲ့ဝတ်စုံကိစ္စပြဿနာတက်နေကြတာပါ။ပါတီအတွက်ဝတ်ဖို့ဆိုပြီးနှောင်းခန့်နဲ့လိုက်မဲ့suitအနက်ကိုနှောင်းခန့်ရေချိုးနေတုန်းနှောင်းခန့်အိပ်ရာပေါ်လင်းပြည့်သွားထားပေးခဲ့ပြီးမကြာဘူးကိုယ်တော်ချောတီရှပ်အဝါရောင်အပွနဲ့အားကစားဘောင်းဘီလေးဘဲဝတ်ပြီးလင်းပြည့်ရဲ့အခန်းကိုခပ်တည်တည်ဘဲဝင်လာခဲ့တယ်။လက်ထဲမှာလည်းလင်းပြည့်ပေးထားတဲ့suitကြီးမ လျက်ပေါ့။အခန်းထဲရောက်တော့လက်ကsuitကိုလင်းပြည့်ကုတင်ပေါ်ပစ်တင်လိုက်ပြီးမဝတ်ချင်ကြောင်းအကြောက်အကန်ငြင်းနေတာပါ။လင်းပြည့်ကသွားဖို့အဆင်သင့်ဖြစ်နေသည့်တိုင်အောင်နှောင်းခန့်ကဘာမှမပြင်ရသေးတာပါ။သွားခါနီးလာဂျီနေတဲ့ချစ်ရသူလေးကိုလင်းပြည့်စိတ်ညစ်နေမယ်လို့တော့မထင်လိုက်ပါနဲ့။
"အချစ်ရယ်...ဒါမျိုးလေးဝတ်သွားမှလူတွေရှိန်မှာလေနော်"
"ငါကလေးမဟုတ်ဘူးမောင်။ဒီလိုပွဲမျိုးမှာဒါမျိုးဝတ်သင့်မှန်းသိပေမဲ့ငါမဝတ်ချင်ဘူးမောင်"
"ဒါဆိုအကိုကဘယ်လိုဝတ်ချင်တာလဲမောင့်ကိုပြော"
"မောင်.."
နှောင်းခန့်တယောက်လင်းပြည့်ရဲ့ကုတင်ခြေရင်းမှာတက်ထိုင်လိုက်ပြီးလင်းပြည့်ကိုသံရှည်ဆွဲပြီးခေါ်လိုက်ခြင်းပါ။
"ဗျာ.."
လင်းပြည့်ပါးစပ်ကလည်းထူးရင်းနှောင်းခန့်ရှေ့မှာသွားရပ်လိုက်ပါတယ်။လင်းပြည့်ရပ်လိုက်တာနဲ့နှောင်းခန့်ကလင်းပြည့်ရဲ့ခါးကိုထိုင်လျက်လေးဆွဲဖက်လိုက်ပါတယ်။နှောသ်းခန့်သူ့မျက်နှာလေးကိုလည်းလင်းပြည့်ရဲ့ဗိုက်မှာအပ်ထားလိုက်သေးတယ်။တအောင့်လောက်နေတော့မျက်နှာလေးမော့ပြီး
"မောင်.."
နောက်တကြိမ်သံရှည်ဆွဲပြီးခေါ်လိုက်ခြင်းပါ။
"ဗျာ.."
"ငါ့ကိုဘယ်လောက်ချစ်လဲ"
"ဟင်"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻