Part-14

237 20 8
                                    

*Ring...Ring*

"Helloမောင်"

"အကိုဘာလုပ်နေလဲ"

"ဘာမှမလုပ်ပါဘူး။ငါတောင်အခုဘဲမောင့်ဆီဖုန်းဆက်တော့မလို့"

"ကျွန်တော့်ဆီ"

"အင်းလေ။ဒီနေ့မင်းရဲ့project အဖြေသိမှာမလား။အခုသိပြီလား"

"ဟုတ်သိပြီအကို"

"သိပြီဆိုပြောလေ"

"ပြောမှာပေါ့အကိုရာ။လောလိုက်တာ"

"ငါသိချင်နေလို့ပါ။ဘယ်လိုလဲအဆင်ပြေတယ်မလား"

"အင်း။ရှယ်ယာဝင်တွေကတော့အသစ်တယောက်အနေနဲ့မဆိုးဘူးတဲ့"

"တကယ်လား။ကောင်းတာပေါ့။မင်းကြိုးစားထားရတာအလကားမဖြစ်တော့ဘူးလေ"

"ဟုတ်တယ်အကို"

"အရမ်းပျော်နေပြီမလား။ပထမဆုံးကြိုးစားတဲ့အလုပ်ဆိုတော့"

"ပျော်တာပေါ့။အကို့အတွက်ဆိုပြီးရည်ရွယ်ထားတဲ့အလုပ်ဖြစ်နေလို့ပိုတောင်ပျော်သေးတယ်"

မောင်တာဝန်ကျေပါတယ်။ကျွန်တော်တို့နှစ်ယောက်ရဲ့အနာဂတ်အတွက်ပထမဆုံးစိန်ခေါ်မှုကိုအနိုင်ရသွားခဲ့တယ်လေ။ကျွန်တော်ကရော...ကျွန်တော်တို့နှစ်ယောက်ကိုအဖေလက်ခံဖို့ကျွန်တော့်ရဲ့ပထမဆုံးစိန်ခေါ်မှုကိုအောင်မြင်နိုင်ပါ့မလား။။။

"Hello. Hello အကို"

"ဟမ်"

"ဘာလို့တိတ်သွားတာလဲ"

"ဘာ..ဘာမှမဖြစ်ပါဘူး။ဒါနဲ့မောင်မနက်ဖြန်တွေ့ရအောင်ပြောစရာရှိလို့"

"ကောင်းပါပြီဗျာ..ကျွန်တော့်ချစ်သူကကျွန်တော့်ကိုလွမ်းနေပြီပေါ့"

"အင်း..အရမ်းလွမ်းနေပြီ"

ကျွန်တော်မောင့်ကိုတကယ်လွမ်းနေတာ။အဖေနဲ့ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်းမောင်နဲ့မတွေ့ဖြစ်ဘူး။မောင်အလုပ်တွေရှုပ်နေလို့လေ။

"ဟာ...ဘယ်လိုလေးလဲအကိုရာ..အခုကျွန်တော့်ကိုချွဲနေတာလား"

"ချွဲနေတာမဟုတ်ဘူး။လွမ်းလို့လွမ်းနေတယ်ပြောတာလေ"

"ဟုတ်ပါပြီဗျာကျွန်တော်မနက်ဖြန်လာခေါ်မယ်နော်"

"အင်း..ဪ..မောင်"

Interlinear Where stories live. Discover now