Part-26

237 18 4
                                    

"အိုကေ...စားစရာတွေလည်းရောက်ပြီ။လူလည်းစုံပြီဆိုတော့အရင်introduction နဲ့စကြရအောင်"

ဇေယျရဲ့စကားကိုကျွန်တော်တို့အားလုံးသေချာနားထောင်နေကြတယ်။

"ဒါကဧမင်းဝိုင်တဲ့။သိတဲ့သူတွေကဝိုင်လို့ခေါ်တယ်။သောက်ချင်စရာလေးမို့လို့တဲ့ဟား...ဟား"

"ဟေ့ကောင်ဇေယျ"

"စတာ။စတာ။သူငယ်ချင်းလေးကလည်း။ကဲဝိုင့်ကိုလည်းငါနဲ့ခင်သလိုခင်ပေးကြပေါ့။အခုသူကအစိုးရဆေးရုံမှာmale nurseလုပ်တော့မှာ"
ဍဇေယျပြောတော့မှိုက

"ဟုတ်လား..ဒါဆိုကိုနှောင်းနဲ့ဆေးရုံအတူတူဘဲပေါ့"

"ဟုတ်တယ်။ကျွန်တော်အစကတော့မန္တလေးမှာတာဝန်ကျတာ။ဒီတခေါက်မှရန်ကုန်ပြန်ကျတာ"

"ကောင်းတာပေါ့"

"ကဲပြောလို့ပြီးပြီဆိုရင်နောက်တယောက်နဲ့ပြန်မိတ်ဆက်ပေးမယ်။သူ့နာမည်ကတုခမိုင်တဲ့၊ခမိုင်လို့ခေါ်ကြတယ်။ငါ့လိုဘဲကျောင်းဆရာ။ပြီးတော့သူက ဝိုင့်ရဲ့ ...အဟန့်...အဟန့်.."

ဇေယျကချောင်းဟန့်ပြီးပြောင်စပ်စပ်လုပ်နေတော့ကျွန်တော်တို့အားလုံးသဘောကျနေကြတယ်။

"ဟုတ်ကဲ့။ကျွန်တော့်ကိုခမိုင်လို့ခေါ်လို့ရပါတယ်။ကျွန်တော်ဒီအဖွဲ့ထဲကဇေယျနဲ့ကိုနှောင်းကိုဘဲသိသေးတာ"

"ဟင်...အသက်နဲ့ခမိုင်ကဘယ်လိုသိကြတာလဲ"

"ဪ...ဟိုတခါငါမင်းအတွက်ရေမွှေးသွားဝယ်တုန်းကတခါဆုံတယ်။ပြီးတော့ဟိုတနေ့ကမောင့်ကိုထမင်းချိုင့်လာပို့တဲ့နေ့ကတခါဆုံတယ်။အဲတာကြောင့်.."

"ဪ"

"ကဲနောက်တယောက်နဲ့ပြန်မိတ်ဆက်ပေးမယ်။ကိုနှောင်းနဲ့တော့မမိတ်ဆက်တော့ဘူး။ကိုနှောင်းကိုကအားလုံးသိနေပြီဆိုတော့။ကိုနှောင်းဘေးကတယောက်နဲ့မိတ်ဆက်ပေးမယ်။သူကလင်းပြည့်ဦးတဲ့။LMကုမ္မဏီရဲ့CEO ၊ငါတို့အဖွဲ့ထဲကဝင်ငွေအဖြောင့်ဆုံး။အချမ်းသာဆုံး။အဲ...ပြီးတော့ကိုနှောင်းရဲ့နှစ်ယောက်မရှိသောမောင်..ငါတို့ကတော့လင်းပြည့်လို့ခေါ်တယ်"

ဇေယျကတော့လေ။မောင်နဲ့ဝိုင်တို့ကိုမိတ်ဆက်ပေးနေတာလားမောင့်အကြောင်းကြွားနေတာလားမသဲကွဲဘူး။

Interlinear Where stories live. Discover now