Part-11

275 21 4
                                    

ကျွန်တော်ဒီနေ့ဂျပန်သွားတော့မယ်။

(အကိုနဲ့ဝေးရာကိုကျွန်တော်ထွက်သွားတော့မှာမို့အကိုကျေနပ်တယ်မလား။တစ်ခုဘဲအကို..အကိုကျွန်တော့်ကိုငြင်းထားတာဖြစ်တဲ့အတွက်ကြောငါ့ပျော်အောင်နေပါ။အခုလိုထွက်သွားတာလည်းအကို့စိတ်အလိုအတိုင်းမို့အကိုပျော်နေမှဖြစ်မယ်။အကို...အရမ်းခိစ်တယ်..အမြဲတမ်းအတွက်)

"သားအဆင်သင့်ဖြစ်ပြီလား"
"ဟုတ်ဒယ်ဒီ"
"သားလာပါအုန်းမာမီ့ဆီ..အစားကိုပုံမှန်စားနော်၊တနှစ်တခါတော့ပုံမှန်ပြန်လာ။ကျန်းမာရေးလည်းဂရုစိုက်အုန်း"
"ဟုတ်ကဲ့မာမီ။ကျွန်တော်ဒယ်ဒီတို့ကိုကန်တော့ခဲ့ပါရစေ"
ကျွန်တော်ဒယ်ဒီနဲ့မာမီရှေ့မှာထိုင်ပြီးအရိုအသေပေးခဲ့တယ်။
"သားဟာလေမာမီတို့လေယာဉ်ကွင်းထိလိုက်ပို့မယ်ဆိုတာကို"
"ဇေယျတို့ကသူတို့လိုက်ပို့မယ်ဆိုလို့ပါ။ပြီးတော့ကျွန်တော်သူတို့ကိုကောင်းကောင်းနှုတ်မဆက်ရသေးလို့"
"အေးပါ။ဟော..ကားသံကြားတယ်ရောက်လာကြပြီထင်တယ်"
"ဟုတ်ဒယ်ဒီနဲ့မာမီကျွန်တော်သွားပြီနော်"
ကျွန်တော်ဒယ်ဒီနဲ့မာမီကိုကျောခိုင်းခဲ့တယ်။ကျွန်တော့်ရင်ထဲကခံစားချက်တွေအားလုံးကိုလည်းအဲ့ဒီနေရာမှာမြုပ်နှံထားလျက်ပေါ့။

ဦးရောင်ဝါလင်ထွက်သွားတဲ့သားရဲ့ကျောပြင်ကိုကြည့်ပြီးတွေးမိတာကကျွန်တော့်သားကအချစ်ကြီးတယ်။ဒါပေမဲ့အမြတ်မကြီးဘူး။သူချစ်တဲ့သူနဲ့ပတ်သက်ရင်အရာရာကိုစွန့်လွှတ်ဖို့ဘဲတွေးတယ်။
(သားရယ်..မင်းသိပ်ချစ်တတ်လွန်းတယ်..)
ကျွန်တော်ကားထဲဝင်လိုက်တော့ဇေယျနဲ့ရန်အေးဘဲ။မှိုကလိုက်မလာဘူး။
"လင်းပြည့်သူငယ်ချင်းမင်းကိုတော့ငါတို့လွမ်းနေတာ့မှာဘဲ"
ဇေယျရဲ့အပြောကြောင့်ကျွန်တော်ပြုံးမိတယ်။ကျွန်တော့်သူငယ်ချင်းတွေကအမြဲတမ်းကျွန်တော်နဲ့ထပ်တူခံစားပေးတယ်။
"ငါလည်းအတူတူပါဘဲကွာ။lineပေါ်ကနေအမြဲအဆက်အသွယ်လုပ်ကြတာပေါ့။"
"ဪ..မှိုကမင်းကိုပြောခိုင်းလိုက်တဲ့သူမအားလို့မလိုက်လာနိုင်တာတဲ့ဟိုမှာကျန်းမာရေးဂရုစိုက်ပါတဲ့"
ရန်အေးရဲ့စကားကိုကျွန်တော်ဘာမှမတုံ့ပြန်မိဘူး။
———————————————
ကျွန်တော့်စိတ်တွေလေးနေတယ်။တခုခုကိုလွမ်းသလို..ဝမ်းနည်းသလိုလိုမျိုး။ကျွန်တော်စိတ်ပြေလက်ပျောက်ကမ်းနားဘက်ကိုလမ်းလျှောက်လာခဲ့တယ်။
"ကိုနှောင်း"
ကျွန်တော်ကမ်းနားမှာထိုင်နေတုန်းခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့မှို..
"ဪမှိုတယောက်ထဲလား"
"မဟုတ်ဘူးအဖွားနဲ့လာတာ။အဖွားကလေကောင်းလေသန့်ရှူချင်တယ်ဆိုလို့"
"ဪ"
"ဒါနဲ့ကိုနှောင်းကရောတယောက်ထဲလား"
"အင်း..စိတ်တွေနည်းနည်းလေးသလိုခံစားရလို့လမ်းလျှောက်ထွက်ခဲ့တာ"
ကျွန်မကိုနှောင်းကိုပြောပြလိုက်သင့်လား။လင်းပြည့်ဂျပန်သွားတော့မဲ့ကိစ္စကိုလေ။ပြောပြလိုက်လို့လင်းပြည့်စိတ်မဆိုးဘူးမလား"
"ကိုနှောင်း"
"ဟင်"
"ဟို.."
"ပြောစရာရှိလို့လားပြောလေ"
"ဟိုလင်းပြည့်အကြောင်းပြောမလို့"
လင်းပြည့်ဆိုတဲ့အသံကြားတာနဲ့ကျွန်တော့်နှလုံးသားကသူ့ပိုင်ရှင်မှန်းသိတယ်ထင်ပါရဲ့စည်းချက်ညီညီနဲ့ခုန်နေလိုက်တာများ...
ဒါနဲ့အလင်းအကြောင်းဘာပြောမလို့လဲ။အလင်းနေမကောင်းလို့များလား..
"ကိုနှောင်းလင်းပြည့်ကိုတကယ်မချစ်ဖူးလား"
ကျွန်တာ်ဘာမှမဖြေမိဘူး။ကျွန်တော့်မှာအဖြေမရှိလို့..
"ကိုနှောင်းမဖြေချင်လည်းရပါတယ်။ဒါပေမဲ့ကိုနှောင်းသိလား။လင်းပြည့်ကကိုနှောင်းကိုအရမ်းချစ်တာ။အရင်ကဆိုလင်းပြည့်ကကိုနှောင်းကိုဂရုစိုက်ပေးသလိုဘယ်သူ့ကိုမှဂရုစိုက်မပေးဘူး။ကိုနှောင်းနဲ့သူပြဿနာဖြစ်တဲ့ညကသူကိုနှောင်းအိပ်သွားမှအခန်းထဲကိုဝင်တယ်။ပြီးတော့သူ့အဝတ်တွေသိမ်းတယ်။တညလုံးကိုနှောင်းနားမှာထိုင်တယ်။ကိုနှောင်းရဲ့လက်ကလေးကိုဆုတ်ကိုင်ထားပြီးကိုနှောင်းကိုချစ်ကြောင်းသူတစိဖွဖွပြောနေခဲ့တာ။ပြီးတော့တစ်ညလုံးငိုနေခဲ့တာ။မိုးလင်းမှရန်ကုန်ပြန်သွားတာ။မှိုတို့ကိုလည်းကိုနှောင်းကိုဂရုစိုက်ပေးဖို့အတန်တန်မှာသွားတယ်။အခုတော့..."
"အခုတော့...?"
ဘာလဲ..အခုတော့ရဲ့နောက်ကအကြောင်းအရာကဘာလဲ။
"ကိုနှောင်းမသိသေးဘူးလား"
"ဘာကိုလဲ..အလင်း...အလင်းတခုခုဖြစ်လို့လား"
"လင်းပြည့်ဒီနေ့ဂျပန်သွားပြီလေ။"
"ဂျပန်!"
"ကိုနှောင်းကိုဇေယျတို့မပြောပြဘူးလား။ခဏကတောင်ဇေယျနဲ့ရန်အေးလင်းပြည့်ကိုလေယာဉ်ကွင်းသွားပို့မယ်ဆိုပြီးသွားလိုက်ကြတာ"
"ကြာပြီလား"
"နာရီဝက်လောက်တော့ရှိပြီ"
ကျွန်တော်မှို့နားကပြေးထွက်လာခဲ့မိတယ်။အလင်းဆီလိုက်သွားမှဖြစ်မယ်။ကျွန်တော်လမ်းမှာတွေ့တဲ့taxi မြန်မြန်ငှါးပြီးလေယာဉ်ကွင်းဆီလိုက်လာခဲ့တယ်။

Interlinear Où les histoires vivent. Découvrez maintenant