Part-29

246 16 4
                                    

"ဒေါက်တာတို့များနော်ကောင်လေးချောချောလေးရှိတာလျှိုထားတယ်နော်"
ဍကျွန်တော်ဌာနထဲဝင်လာတာနဲ့nurse အမတယောက်ကပြောလာခြင်းပါ။

"ကောင်လေးချောချောလေး"

"အင်းလေ။အထွေထွေဌာနကmale nurseကိုဧမင်းဝိုင်နဲ့ဒေါက်တာနဲ့ဆို"

"ဗျာ...ဝိုင်နဲ့ကျွန်တော်?"

"အမလေး..အဖျားစွတ်ခေါ်တာတောင်ဝိုင်တဲ့နော်"

"မဟုတ်ဘူးဗျ။ဆရာမတို့မှားနေပြီ။ဝိုင်နဲ့ကျွန်တော်နဲ့ကသူငယ်ချင်းသက်သက်ဘဲဗျ"

"ရှင်...ကိုဧမင်းဝိုင်နဲ့ဒေါက်တာကချစ်သူတွေမဟုတ်ဘူးလား"

"မဟုတ်ဘူးဗျ။ဟို...ဆရာမတို့ကဘယ်သူပြောတာလဲဗျ"

"ဟို...ကျွန်မတို့လည်းဒီတိုင်းကြားမိတာပါ။ပြီးတော့ဒီရက်ထဲအထွေထွေဆောင်မှာလည်းလူပြောများနေလို့"

"ဗျာ!"

လူပြောများနေတာဆိုရင်ဝိုင်သိလောက်ပြီမလား၊ဘာလို့ဘာမှမဖြေရှင်းတာလဲ၊ဒါမှမဟုတ်သူမသိသေးတာလား၊မဖြစ်ဘူးဝိုင့်ကိုသေချာမေးကြည့်ရမယ်..

ကျွန်တော်ဖုန်းထုတ်လိုက်ပြီးဝိုင့်ကိုစာပို့လိုက်တယ်။

"မင်း..dutyပြီးရင်တစ်နေရာရာမှာတွေ့ရအောင်"

ကျွန်တော့်messageဝင်သွားတာနဲ့ဝိုင့်ဘက်က okဆိုပြီးပြန်ပို့လာတယ်။

——————————————————

"ဘော့စ်နေ့လယ်စာစားလို့ရပါပြီ။"

ကျွန်တော်ဒီနေ့တနေကုန်အလုပ်လုပ်ရတာစိတ်မပါဘူး။မနေ့ညကပုံအကြောင်းဘဲတွေးနေမိတယ်။ကျွန်တော့်နှလုံးသားကအကို့ကိုယုံကြည်ပေးဖို့တောင်းဆိုနေပေမယ့်ဦးနှောက်ကတင်းခံထားတယ်ထင်ပါရဲ့။

"ဘော့စ်...ဘော့စ်...ဘော့စ်..."

"ကျစ်!...ဘာလို့အဲလောက်အော်ခေါ်နေတာလဲ"

"ဗျာ.."

နေမျိုးတယောက်ဒီနေ့တနေကုန်နေစရာမရှိဖြစ်နေတာပါ။ဘော့စ်ဘာကိစ္စဒေါသတွေခဏခဏထွက်နေရတာလဲ။အလုပ်ကိစ္စတွေကအခုထိအားလုံးအဆင်ပြေနေတာတောင်ဘော့စ်ကဘာတွေအဆင်မပြေနေတာပါလိမ့်။

Interlinear Where stories live. Discover now