မောင်နဲ့ကျွန်တော်စားဖို့breakfast ပြင်ပြီးကျွန်တော်မောင့်အခန်းဆီတက်လာခဲ့တယ်။
*ဒေါက်...ဒေါက်...*
"မောင်...မထသေးဘူးလား...ငါမနက်စာပြင်စားပြီးပြီ"
*ဒေါက်...ဒေါက်...*
"မောင်ရေ..ရေချိုးနေတာလား"
*ဒေက်...ဒေါက်*
ကျွန်တော်အခန်းတံခါးတွေခေါက်ပြီးခေါ်နေပေမဲ့မောင့်အခန်းထဲကဘာအသံမှမကြားရဘူး။ရေချိုးနေလို့များလား။ကျွန်တော်တံခါးဖွင့်ပြီးဝင်ကြည့်မယ်အလုပ်လက်ကဖုန်းထဲmessage ဝင်လာခဲ့တယ်။
*Ting*
"အကို..နေမျိုးကိုလွှတ်လိုက်တယ်။ဆေးရုံကိူသူလိုက်ပို့ပေးလိမ့်မယ်။တနေ့တာမှာအဆင်ပြေပါစေအကို..ပြီးတော့...ချစ်တယ်"ကျွန်တော်မောင့်ရဲ့message ကိုဖတ်ပြီးစိတ်ထဲဘဝင်မကျဖြစ်မိသွားတယ်။အခုမှ၈:၃၀ဘဲရှိသေးတာလေ..မောင်ကဘယ်အချိန်ကတည်းကအလုပ်သွားလိုက်တာလဲ။ကျွန်တော့်ကိုမစောင့်ဘဲသွားလိုက်တာလား။ပြီးတော့ကျွန်တော့်ကိုအမြဲဆေးရုံလိုက်ပို့ပေးနေတဲ့မောင်ကလေ...မောင်အလုပ်တွေအရမ်းများနေလို့လား...မောင့်အတွက်ပြင်ဆင်ထားတဲ့မနက်စာကရော...ကျွန်တော်ဘာမှမစဉ်းစားတော့ဘဲအောက်ထပ်ကိုဆင်းလာခဲ့တယ်။မီးဖိုချောင်မှာပြင်ထားတဲ့မနက်စာကတော့ဒီနေ့အဖို့...စားမဲ့သူမရှိတော့ဘူး...
ကျွန်တော်စာရွက်စာတမ်းတွေထည့်နေတုန်းအိမ်ရှေ့ကကားဟွန်းတီးသံကြားလိုက်တာကြောင့်..duty coat လေးကိုင်ပြီးအိမ်ပြင်ထွက်လာခဲ့တယ်။
"နေမျိုး.."
ကားမောင်းနေတဲ့နေမျိုးကိုကားနောက်ခန်းကနေကျွန်တော်ခေါ်လိုက်တာပါ။
"ဗျာ...ကိုနှောင်း.."
"မောင်အလုပ်မှာအဆင်ပြေရဲ့လား"
"ဟုတ်ပြေနေပါတယ်ကိုနှောင်း"
"မန္တလေးကအလုပ်တွေရော"
"ဟုတ်အကုန်အဆင်ပြေပါတယ်ဗျ"
"မောင်တခုခုဖြစ်နေတယ်လို့မင်းထင်လား"
"ဗျာ.."
"ဘာမှမဟုတ်တော့ဘူး"
"ဟို...ဘော့စ်ဘာဖြစ်နေတာလဲကျွန်တော်မသိပေမဲ့ကိုနှောင်းဘော့စ်ကိုသေချာဂရုစိုက်ပေးပါ။မန္တလေးမှာတုန်းကဘော့စ် pressure များနေပုံဘဲ။ဟုတ်တိပတ်တိလည်းဘာမှမစားဘူး။ဒီနေ့လည်းကုမ္မဏီကိုအစောကြီးလာပြီးအလုပ်တွဆက်တိုက်လာလုပ်နေတာကျွန်တော်ဒီကိုမလာခင်ထိဘဲ.."
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻