"မောင်...အလုပ်များနေလား"
နှောင်းခန့်မေးရင်းဧည့်ခန်းမှာကွန်ပျူတာတလုံးနဲ့အလုပ်ရှုပ်နေတဲ့မောင့်နားမှာဝင်ထိုင်လိုက်တယ်။
"မများပါဘူးအချစ်ရဲ့။(၉)နာရီထိုးနေပြီလေမအိပ်သေးဘူးလား။မနက်ဖြန် houseဆင်းရမယ်ဆို"
"အင်းအိပ်တော့မှာ။မင်းကိုပြောစရာရှိသေးလို့"
"ဘာများလဲအကိုရဲ့"
"မနက်ဖြန်ငါ့ကိုလာကြိုပြီးရင်မင်းသွားစရာရှိသေးလား"
"မပြောတတ်သေးဘူးအကိုရဲ့။အကိုသွားစရာရှိလို့လား"
"ငါကမ်းနားလမ်းသွားချင်လို့"
"ဪ..အဲတာများကျွန်တော်လိုက်ပို့ပေးမှာပေါ့အသက်ရဲ့"
"ငါကမင်းမအားမှာစိုးလို့"
"အကို့အတွက်ဆိုဒီကောင်ကအမြဲအားပါတယ်ဗျာ"
"အင်းပြီးရော။အဲတာဆိုလဲgood night ။သွားအိပ်တော့မယ်။မင်းလည်းစောစောအိပ်ကျန်းမာရေးထိခိုက်နေမယ်"
ပြောပြောဆိုဆိုနဲ့ထထွက်သွားဖို့လုပ်နေတဲ့အကို့ကိုကျွန်တော်ဆွဲလိုက်တော့ပေါ့ပါးလွန်းတဲ့အကို့ခန္တာကိုယ်ကကျွန်တော့်ရင်ခွင်ထဲအလိုက်သင့်လေးကျလာပါတယ်။
"ပြွတ်စ်"
ကျွန်တော်အကို့နှုတ်ခမ်းလေးကိုခဏတာငုံခဲပြီးလွတ်ပေးလိုက်တယ်။
"Good night kissပေးတာအကို"
ကျွန်တော်ပြောလိုက်တော့အကို့မျက်စောင်းလှလှလေးကကျွန်တော့်ဆီဒိုင်းခနဲ။
"ခဏကပေးပြီးပြီလေ"
"ခဏကအိပ်တော့မယ်ဆိုလို့ပေးတာလေ။အဲတာကိုဘယ်သူလဲမသိပါဘူးအနမ်းခံချင်သေးလို့ good night ပြန်လာလုပ်နေတယ်"
"မောင်နော်...ငါငအနမ်းခံချင်နေတာလား။မင်းကနမ်းချင်နေတာလား"
"ဟား...ဟား."
"ရီမနေနဲ့သွားပြီဟွန့်"
Good night kiss နှစ်ခါပေးခံရလို့စိတ်ဆိုးသွားတဲ့အကိုကကျွန်တော့်မျက်လုံးထဲမှာတော့တကယ်ကိုကြောင်ပေါက်လေးလိုပါဘဲ။
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻