Part-6

326 32 4
                                    

ဒီနေ့ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ဆုံကြမယ်ဗျ။ကျွန်တော့်မွေးနေ့ပြီးကတည်းကကျွန်တော်တို့မတွေ့ဖြစ်တာ၂ပတ်လောက်ကြာသွားတယ်။ဒါပေမဲ့အကိုနဲ့တော့သင်တန်းမှာနေ့တိုင်းတွေ့နေရတယ်။ဒီနေ့အကိုသင်တန်းမလာဘူး။နေမကောင်းလို့ဆိုပြီးမနေ့ညကတည်းကကျွန်တော့်ကိုလာမခေါ်ဖို့စာပို့ထားတယ်။ကျွန်တော်အကို့ကိုစိတ်ပူတယ်။ဖြစ်နိုင်ရင်သင်တန်းမသွားဘဲအကို့ဆီသွားချင်တာ။ဒါပေမဲ့အကိုကသင်တန်းသွားရမယ်။ဇေယျတို့နဲ့လည်းတွေ့ရမယ်ဆိုတော့ကျွန်တော်အခုဇေယျတို့နဲ့ချိန်းထားတဲ့ဆိုင်ကိုသွားနေတာဗျ။ပြီးရင်တော့အပို့ဆီကိုပေါ့။

"ဟေ့ကောင်..လင်းပြည့်ငါတို့ဒီမှာ"

ရန်အေးရဲ့ခေါ်သံကြောင့်ကျွန်တော်ကြည့်လိုက်တော့ဇေယျလည်းရောက်နေသလိုမှိုလည်းရောက်နေပြီ။

"မင်းကလည်းနောက်ကျလိုက်တာ"

စပါပြီဇေယျရဲ့ငြီးငြူမှုတွေ။

"ကားလည်းတွေပိတ်တာမင်းလည်းသိရဲ့သားနဲ့"

"အေးပေါ့ကိုယ်တိုင်ကားမောင်းနိုင်တဲ့သူဆိုတော့"

"လာပြောမနေနဲ့ငါအခုကိုယ်တိုင်မမောင်းတော့ဘူး"

ကျွန်တော်ပြောလိုက်တော့ဇေယျနဲ့ရန်အေးကအံ့ဩတကြီးကြည့်လာခဲ့တယ်။မှိုလားမှိုက

"လင်းပြည့်မင်းအခုမင်းကိုယ်တိုင်ကားမမောင်းတော့ဘူးဟုတ်လား"

"အင်း..အကိုကအသက််မပြည့်ခင်ကားမမောင်နဲ့ဆိုလို့"

"ဪ"

ကျွန်မမှာဆက်ပြောစရာမရှိတော့ဘူး။လင်းပြည့်ကိုယ်တိုင်ကားစမောင်းကတည်းကမမောင်းဖို့ကျွန်မတားမိတယ်။လင်းပြည့်ကိုစိုးရိမ်လို့ပါ။ဒါပေမဲ့လင်းပြည့်ကနားမထောင်ဘူး။အခုတော့လင်းပြည့်ကကားကိုယ်တိုင်မမောင်းတော့ဘူးတဲ့။ကျွန်မပြောလို့မဟုတ်ဘဲကိုနှောင်းတားလို့တဲ့။ကိုနှောင်းကျွန်မတို့အဖွဲ့ထဲမရောက်လာသေးခင်တုန်းကဆိုလင်းပြည့်ကကျွန်မကိုဇေယျနဲ့ရန်အေးထက်ဦးစားပေးတယ်။ဒါပေမဲ့ကိုနှောင်းရောက်လာတော့ကျွန်မကအလိုလိုဘေးရောက်သွားတယ်။ဒီခံစားချက်ကိုကျွန်မမကြိုက်ဘူး။လင်းပြည့်ရဲ့မွေးနေ့တုန်းကလင်းပြည့်နဲ့ကိုနှောင်းဖက်နေတာကျွန်မမြင်ခဲ့တယ်။သူငယ်ချင်းနှစ်ယောက်ဖက်နေတာကအရမ်းကြီးထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့အဲ့သူငယ်ချင်းနှစ်ယောက်ကလင်းပြည့်နဲ့ကိုနှောင်းဖြစ်နေလို့ကျွန်မစိုးရိမ်တာ။ကျွန်မလေလင်းပြည့်ကိုဆုံးရှုံးခဲ့ရင်လို့တွေးမိတိုင်းရင်ဘတ်ကစူးပြီးအောင့်တယ်။

Interlinear Where stories live. Discover now