Part-16

235 16 2
                                    

"ဟုတ်ကဲ့မာမီ။အခုလာခဲ့မယ်"

"..."

"ဟုတ်ကဲ့ဒါဘဲနော်မာမီ"

လင်းပြည့်shopping mallထဲလျှောက်ပတ်နေတုန်းအမေဖြစ်တဲ့သူကဖုန်းဆက်ပြီးသူ့ဆိုင်ခဏလာခိုင်းခြင်းပါ။လင်းပြည့်ဖုန်းသုံးရင်းလမ်းလျှောက်လာနေတုန်း

"အ!"

"ကျွန်တော်တောင်းပန်ပါတယ်ဗျ။ရ ရဲ့လားအမ"

လင်းပြည့်သူမမြင်လိုက်လို့တိုက်မိသွားတာဖြစ်တဲ့အတွက်ချက်ချင်းတောင်းပန်စကားဆိုလိုက်မိတယ်။တော်သေးတယ်တဖက်မိန်းကလေးမလှဲသွားလို့။

"ရပါတယ်"

"ဟုတ်ကဲ့ကျွန်တော်တောင်းပန်ပါတယ်အမ"

"ရပါတယ်။တို့ လည်းမမြင်လိုက်လို့"

"ဟုတ်ကဲ့။ကျွန်တော့်ကိုခွင့်ပြုပါအုန်း"

လင်းပြည့်မြန်မြန်နှုတ်ဆက်စကားဆိုပြီးအမေဖြစ်သူရှိရာဆီကိုထွက်လာခဲ့တယ်။ကျန်ခဲ့တဲ့ကောင်မလေးကတော့...

(မင်းကိုတို့စိတ်ဝင်စားတယ်ကောင်လေး။မှူးသခင်ဆိုတဲ့ တို့ လို့မိန်းကလေးဆီကပထမဆုံးစိတ်ဝင်စားခြင်းခံရတဲ့ယောကျာ်းလေးကမင်းဖြစ်နေလို့ကိုယ့်ဘာကိုယ်ဂုဏ်ယူလိုက်ပါကောင်လေး)
—————————————————
"မာမီ"

လင်းပြည့်အမေဖြစ်သူရဲ့ရွှေဆိုင်ရောက်တာနဲ့ခေါ်လိုက်ခြင်းပါ။

"သားရောက်လာပြီလား။လာပါအုန်းဒီမှာမာမီ့ကိုစာရင်းတွေကူတွက်ပေးအုန်း"

"ဟုတ်ကဲ့မာမီ"

ကျွန်တော်တခါတလ်ောမီ့ကိုအခုလိုမျိုးလာကူပေးရပါတယ်။မာမီနဲ့ကျွန်တော်စာရင်းတွေတွက်လို့ပြီးခါနီးမှာ

"အန်တီခရေ"

ခေါ်သံကြားလို့ကျွန်တော်နဲ့မာမီမော့ကြည့်လိုက်တော့ကျွန်တော်နဲ့ခဏကတိုက်မိတဲ့အမဘဲ။မာမီနဲ့အသိတွေလား။

"ဪ..သမီးမှူးလာ။ဒီနေ့ရောသမီးအမေမပါဘူးလား"

"ဟုတ်တယ်အန်တီ။အမေကအလှူတခုသွားစရာရှိလို့တဲ့"

"ဪ..ဒါနဲ့မိတ်ဆက်ပေးရအုန်းမယ်။သား..ဒါမှူးသခင်တဲ့။မာမီ့ဆီကရွှေတွေလက်လီရောလက်ကားပါအမြဲအားပေးတဲ့သူပေါ့။သမီး..ဒါအန်တီ့သား..သမီးထက်၃နှစ်လောက်ငယ်မယ်ထင်တယ်"

Interlinear Donde viven las historias. Descúbrelo ahora