11:20am
ဒီနေ့ကကျွန်တော်တို့မျှော်လင့်နေတဲ့နေ့လေးပေါ့။Biology ဖြေတဲ့နေ့ဆိုတော့ကျွန်တော်စောစောဖြေပြီးတယ်ဗျ။အကိုကတော့ဖြေလို့ကောင်တုန်း..အပြင်ကိုကြည့်လိုက်တော့ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကစောင့်နေပြီ။"ဟေးးးလင်းပြည့်ဘလိုလဲ"
မေးပါပြီ။ကျွန်တော်တောင်အခန်းအပြင်မရောက်သေးဘူးဇေယျဆိုသည်မှာအမြဲစပ်စုနေတတ်တာ။သူပါလို့လဲကျွန်တော်တို့အဖွဲ့မပျင်းရတာ။
"ဘာကိုဘလိုရမှာလဲ"
ကျွန်တော်မသိသလိုပြန်မေးလိုက်မိတယ်။သေချာတာကတော့ကျွန်တော့်မျက်နှာပြုံးစိစိဖြစ်နေမှာ။
"ဟာ..မင်းဝေ့လည်ကြောက်ပတ်လုပ်မနေနဲ့။ဖြေနိုင်တယ်မလားအခြေအနေ?"
"ပုံမှန်ပါဘဲ။မင်းတို့ကရော?"
"ငါကတော့ဖြေနိုင်တယ်ဒီကောင်ရန်အေးဘဲ၅မှတ်တန်တပုဒ်မဖြေနိုက်လို့တဲ့ရုပ်ကိုလည်းကြည့်လိုက်အုန်း"
ဇေယျပြောမှကျွန်တော်ရန်အေးမျက်နှာကြည့်လိုက်တော့ဟိုကောင်ပြောလည်းပြောချင်စရာဘဲ။၅မှတ်တန်လေးတပုဒ်အတွက်နဲ့။အင်းပေါ့သူကကျွန်တော်တို့အဖွဲ့ထဲမှာစာအလုပ်ဆုံးဆိုတော့ခံရခက်မှာပေါ့။
"ရန်အေးရာ၅မှတ်တန်လေးဘဲကို။၉၅မှတ်တောင်ကျန်သေးတယ်ဖြစ်မနေနဲ့တော့။ဒီနေ့ကပျော်နေရမှာနော်။ငါတို့တစ်နှစ်လုံးရုန်းခဲ့သမျှ"
"ဟေ့ကောင်လင်းပြည့်အဲ့စကားကိုငါလက်မခံဘူး"
"ဘာစကားကိုလဲ"
"တစ်နှစ်လုံးရုန်းခဲ့သမျှဆိုတဲ့စကားကိုလေရုန်းခဲ့တယ်လို့သုံးရအောင်ငါတို့ကနွားတွေလား?"
"ဟားးးဟားး"
ဇေယျအပြောကြောင့်ရန်အေးကမနေနိုင်ဘဲအော်ရယ်ပါလေရော။
"ဟေ့ကောင်ဇေယျ၊နွားငါကရန်အေးကိုအားပေးစကားပြောနေတာ"
"သိပါတယ်ငါ့ကောင်ရာငါကစတာ။တွေ့လားရန်အေးမျက်နှာပြန်လန်းလာပြီ။ဒါနဲ့ကိုနှောင်းကကြာလိုက်တာနော်"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻