Part-32

256 17 9
                                    

"နှောင်းခန့်မှူး....မင်းအခုလိုဆေးရုံလည်းမသွား၊ဘာမှမလုပ်ဘဲငါ့အိမ်မှာလဒမှိုင်မှိုင်နေတာ(၃)ရက်ရှိနေပြီ။အရေးမပါတာတွေအတွက်ခံစားမနေနဲ့၊ကျက်သရေတုံးတယ်"

အလုပ်သွားဖို့အခန်းထဲကထွက်လာတဲ့အဖေကဧည့်ခန်းထဲငိုင်နေတဲ့ကျွန်တော့်ကိုပြောလာခြင်းပါ။

(အဟက်!!မင်းပျော်လားလင်းပြည့်ဦး..အခုငါကအဖေ့ရဲ့လျစ်လျူရှုခံရတဲ့ဘဝကနေအနှိမ်ခံဘဝရောက်သွားလို့လေ..)

မောင်..ကျွန်တော့်ကိုတကယ်ခွဲနိုင်တယ်ထင်ပါရဲ့ဗျာ..တကယ်မေ့နိုင်တယ်ထင်ပါရဲ့။ကျွန်တော်ကတော့မောင့်ကိုတစ်မိနစ်လေးတောင်မေ့မရဘူးဗျ။အဟက်!!!လွယ်လွယ်နဲ့မေ့လို့ရတဲ့အထဲအချစ်စစ်ဆိုတဲ့အရာမှမပါခဲ့တာ။ဒါတွေမင်းသိဖို့ကောင်းတယ်မောင်ရာ...

"သား...ဒီနေ့ဆေးရုံသွားမှာလား"

ကျွန်တော်အိမ်ပြန်ရောက်တဲ့ညကတည်းကဆေးရုံမသွားတော့လို့အမေကမေးလာခြင်းပါ။

"သွားမှာအမေ...ကျွန်တော့်အလုပ်တွေပုံနေလောက်ပြီ"

"သား..အဆင်ပြေရဲ့လား"

"ပြေ...ပြေပါတယ်အမေရဲ့"

"သားအဆင်ပြေတယ်ဆိုပြီးတာပါဘဲ။သားတို့နှစ်ယောက်ဘာလို့လမ်းခွဲကြလဲအမေမသိပေမဲ့သားဘက်ကအရမ်းခံစားနေရတယ်ဆိုတာတော့အမေသိတယ်။ဒါတွေကတနေ့ပြီးသွားမှာပါသားရယ်.."

"ဟုတ်..ဟုတ်ကဲ့ပါအမေ"

ကျွန်တော်အမေ့ရှေ့မှာမျက်ရည်ကျမိပြန်ပြီ။ပြီးခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်တွေးကြည့်ရင်မောင်ကျွန်တော့်ကိုစွပ်စွဲတယ်။မောင်ကျွန်တော့်ကိုမယုံဘူး။အဆိုးဆုံးကတော့မောင်ကျွန်တော့်အချစ်ကိုစော်ကားတယ်..

"သားရယ်...ငိုချင်ရင်ငိုချလိုက်ပါ..ပြီးရင်တော့အရင်လိုပြန်ဖြစ်ပေးနော်"

အမေကကျွန်တော့်ကိုဖက်ပြီးနှစ်သိမ့်ပေးတယ်။ကျွန်တော်အမေ့ကိုတင်းတင်းကျပ်ကျပ်ပြန်ဖက်ပြီးအမေ့ရင်ခွင်မှာအားရအောင်ငိုချမိတယ်။

"ကျွန်တော်...ကျွန်တော်....မောင့်ကိုအရမ်းချစ်....ချစ်တာ...အမေ"

"အမေသိပ်တယ်ကွယ်.."

Interlinear Where stories live. Discover now