"ဟာ...နှောင်းတယောက်ထဲလား"
ကျွန်တော်ဆေးရုံရောက်လို့ကားပေါ်ကဆင်းလိုက်တာနဲ့ဝိုင့်ဆီကကြားရတဲ့အမေးစကားပါ...
"အင်း..တယောက်ထဲဘဲ။မင်းဘယ်နှယောက်မြင်လို့လဲ"
"ဟား..ဟား..မင်းလူဆယ်ယောက်နဲ့လာလည်းငါတော့မင်းကိုဘဲမြင်တာ"
ဝိုင်ဒီစကားကိုစသလိုနဲ့အတည်ပြောလိုက်ခြင်းပါ..ဒါပေမဲ့နှောင်းခန့်ကတော့အဲ့စကားကိုအရမ်းကြီးအလေးထားပုံမပေါ်ဘူး။
"ဒါနဲ့မင်းဒီညအားလား"
"ငါလား...အားတော့အားပါတယ်..ဒါပေမဲ့အိမ်မှာကငါတယောပ်ထဲဆိုတော့"
"ဟင်...မင်းအန်တီတို့နဲ့မနေတော့ဘူးလား"
"အင်း။ငါမောင်နဲ့အတူနေတာ။မိဘတွေနဲ့အိမ်ခွဲနေတဲ့သဘော"
"ဒါဆိုအခုလင်းပြည့်ကရော"
"ငါဒီကိုမလာခင်လေးဘဲမန္တလေးကိုအလုပ်ကိစ္စနဲ့သွားလိုက်တယ်"
"ဪ...ငါကမင်းတိုနှစ်ယောက်နဲ့ဒီညတွေ့မလို့။ဟို...လင်းပြည့်မရှိလည်းမင်းလာလို့ရတယ်မလား"
"ဒီည...ဘာအတွက်လဲ"
"ဟို...ဒီနေ့ကငါနဲ့ခမိုင်ရဲ့ anni ကွာ..အဲဒါကြောင့်"
ဝိုင်တယောက်ပါးစပ်ထဲရှိရာပြောလိုက်ခြင်းပါ...ဒါပေမဲ့တကယ်လဲသူနဲ့ခမိုင်ရဲ့နှစ်ပတ်လည်ပါလေ...
"ငါကသူများအတွဲကြားလိုက်ရှုပ်ရမယ်ပေါ့"
"မဟုတ်ပါဘူး။ဘယ်လိုဘဲဖြစ်ဖြစ်မင်းလာမယ်မလား"
"အေးပါ။အခုတော့ဆရာဝန်ကြီးဆီသွားလိုက်အုန်းမယ်"
"အင်း"
ကျွန်တော်ရှေ့ကနှောင်းထွက်သွားမှဖုန်းထုတ်လိုက်ပြီးဒီညbarမှာတွေ့ဖို့ချိန်းလိုက်တယ်။ဘာမှမသိတဲ့ခမိုင်ကတော့တကယ်ကိုပျော်နေတယ်ထင်တယ်။သူ့အသံကနေအပျော်တွေကိုသိနိုင်ပေမဲ့မခံစားပေးနိုင်ဘူး။ကျွန်တော်နှလုံးသားကနှောင်းနဲ့ပတ်သတ်တာကလွှဲရင်ကျန်တာမခံစားပေးနိုင်လို့ခမိုင့်အတွက်တော့စိတ်မကောင်းစရာဘဲ..
————————————————————
"ဘော့စ်..ဒါအခုမန္တလေးရဲ့ရှယ်ယာစာရင်းတွေပါ"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻