ကျွန်တော်အကို့ကိုသွားတွေ့ချင်တဲ့စိတ်တွေထိန်းမရအောင်ဖြစ်နေလို့အကိုတက်နေတဲ့ဆေးရုံကိုလာခဲ့ပေမဲ့အကို့အခန်းရှေ့မှာတန့်နေတာ၁၅မိနစ်လောက်ရှိနေပြီ။ကျွန်တော်ဝင်သင့်အဝင်သင့်ကိုဆုံးဖြတ်နေတာနောက်ဆုံးတော့လက်အစုံကတံခါးကိုဖွင့်ပြီးနေပြီ။ကျွန်တော်အခန်းထဲကိုကြည့်လိုက်တော့ကျွန်တော့်ရဲ့ချစ်လှစွာသောအကိုကကုတင်ပေါ်မှာအိပ်နေတယ်။ကျွန်တော်အကို့နားမှာထိုင်လိုက်ပြီးအကို့မျက်နှာလေးကိုတယုတယထိကြည့်နေမိတယ်။ခေါင်းကပတ်တီးဖြူလေးတွေနဲ့မလိုက်ဖက်လိုက်တာအကိုရာ...အကို့မျက်နှာလေးချောင်ကျသွားလိုက်တာ...ကျွန်တော်သိပ်မြတ်နိုးရတဲ့အပြုံးလေးလည်းမမြင်ရတာတော်တော်ကြာနေပြီ။အကိုနဲ့ကျွန်တော်လမ်းခွဲပြီးကတည်းကမတွေ့ကြတော့တာအခုပြန်တွေ့ဆုံခြင်းကပထမဆုံးပါ။ကျွန်တော်အခန်းထဲဝှေ့ကြည့်လိုက်တော့ဝိုင့်ကိုလည်းမတွေ့သလိုတခြားဘယ်သူ့ကိုမှလည်းမတွေ့ဘူး။ဒါပေမဲ့toilet ထဲကစကားသံတွေကြားရလို့toilet နားကပ်ပြီးနားထောင်ကြည့်လိုက်တော့
"ကျန်နေတဲ့နှစ်ပုံကိုမင်းပထမနေ့ကပို့တဲ့ဒုတိယတယောက်ကိုပြန်ပို့ပေးလိုက်။အသံဖိုင်ပါစရာမလိုဘူး။ဒါဘဲ"
ဒါ..ဒါဝိုင့်အသံဘဲ။ကျွန်တော်ခဏကနေရာမှာပြန်ထိုင်လိုက်ပြီးဝိုင့်ကိုစောင့်နေလိုက်တယ်။ခဏလောက်ကြာတော့
"ဪ...လင်းပြည့်ရောက်နေတာလား။ကျွန်တော်toilet ဝင်တာနည်းနည်းကြာသွားလို့မသိလိုက်ဘူး။နှောင်းလေးဆီလာတာလား။နှောင်းလေးကအိပ်နေတာခဏနေနိုးလာလိမ့်မယ်"
"ကျွန်တော်ကဒီတိုင်းအကိုသက်သာရဲ့လားလာကြည့်တာ..ဒါတွေကဝိုင်နဲ့အကို့အတွက်စားစရာတွေပါ.."
ကျွန်တော်ဝယ်လာတဲ့စားစရာတွေအသီးတွေကိုဝိင့်ကိုပေးလိုက်တယ်။
"ဒါတွေမလိုပါဘူးဗျာ..နှောင်းလေးကသက်သာနေပါပြီ။မနက်ဖြန်ဆိုဆေးရုံကဆင်းလို့ရပြီ"
"ဪ"
တိတ်သွားပြီ။ကျွန်တော်တို့နှစ်ယောက်လုံးအကို့ကိုဘဲကြည့်နေကြတယ်။တယောက်နဲ့တယောက်ဘာစကားမှမပြောမိဘူး။ကျွန်တော့်ဦးနှောက်ထဲခဏကဝိုင့်စကားသံအကြောင်းဘဲစဉ်းစားနေမိတယ်။ပုံ(၃)ပုံနဲ့အသံဖိုင်ပြီးတော့ဒုတိယတယောက်...
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻