Part-8

277 23 4
                                    

"အကို..ဒီနေ့driverကလာကြိုတာနည်းနည်းနောက်ကျမယ်တဲ့"

"ဪအဲတာဆိုလည်းဟိုခုံမှာထိုင်စောင့်နေရအောင်လေ"

ဒီနေ့သင်တန်းဆင်းတော့အလင်းအိမ်ကလာကြိုတာနည်းနည်းနောက်ကျမယ်ဆိုလို့သင်တန်းရှေ့ကခုံမှာထိုင်စောင့်နေတုန်း

"နှောင်းခန့်.."

ကျွန်တော့်နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ကျွန်တော်နဲ့ခင်တာသိပ်မကြာသေးတဲ့ကိုအောင်။ကိုအောင်ကကျွန်တော့်ထက်အသက်ကြီးတယ်။သင်တန်းတခုတည်းမှာတက်ပေမဲ့အတန်းမတူဘူးဗျ။

"ဪ..ကိုအောင်သင်တန်းကပြီးပြီလား။ဒီနေ့စောသလိုဘဲနော်"

"အင်း။ဟုတ်တယ်နှောင်းခန့်။ဆရာမကသွားစရာရှိတယ်ဆိုပြီးစောဆင်းပေးတာ"

"ဪ..ဟုတ်။ဒါနဲ့မိတ်ဆက်ပေးရအုန်းမယ်။ဒါကျွန်တော့်သူငယ်ချင်းလင်းပြည့်ဦးတဲ့။အလင်းဒါကငါနဲ့ဟိုတလောကမှခင်တဲ့ကိုအောင်တဲ့။ငါတို့ထက်အသက်ကြီးတယ်"

"တွေ့ရတာဝမ်းသာပါတယ်။နှောင်းခန့်ခေါ်သလိုကိုအောင်လို့ဘဲခေါ်ပါ။ကျွန်တော်ကလည်းအလင်းလို့ဘဲခေါ်မယ်။အလင်းကိုလူချင်းအခုမှမြင်ဖူးပေမဲ့နှောင်းခန့်ပြောပြလို့နာမည်နဲ့တော့ရင်းနှီးပါတယ်"

အကိုမိတ်ဆက်ပေးတဲ့ကိုအောင်ဆိုတဲ့လူကဖော်ဖော်ရွေရွေပါဘဲ။ဒါနဲ့သူနဲ့အကိုကဘလိုသိသွားတာလဲ။အချိန်တိုတိုအတွင်းအရမ်းခင်သွားကြတာလား။စကားပြောတဲ့ပုံကခင်မင်မှုအတိုင်းအတာတစ်ခုမှာ။ပြီးတော့သူကျွန်တော့်ကိုအကိုခေါ်သလိုအလင်းလို့ခေါ်လိုက်တာလား။

"လင်းပြည့်လို့ဘဲခေါ်ပါ။အလင်းဆိုတာအကိုတယောက်ထဲခေါ်တာမို့လို့"

"အာ..ဟုတ်ပါပြီ။လင်းပြည့်နဲ့နှောင်းခန့်ကျွန်တော်ပြန်လိုက်ပါအုန်းမယ်။နောက်သင်တန်းတခုဆက်စရာရှိသေးလို့"

"ဟုတ်။ကိုအောင်နောက်မှတွေ့ကြတာပေါ့"

အကို့ရဲ့နှုတ်ဆက်စကားကိုကိုအောင်ကပြုံးပြအသိအမှတ်ပြုပြီးလှည့်ထွက်သွားပါတယ်။

Interlinear Where stories live. Discover now