Part-9

297 24 6
                                    

"ဟာ..အကိုရာအဲ့မှန်ကြီးပိတ်လိုက်ပါဆို"
"မပိတ်ချင်ဘူးလို့။မှန်ဖွင့်ထားမှအပြင်ကလေတွေတဝကြီးရှူလို့ရတာ"
"အဲတာဆိုလည်းအပေါ်ထပ်ထူထူဝတ်လေနော်"
"အလင်းရာမင်းဘလိုဖြစ်နေတာလဲ။ကားစီးရင်းအပေါ်ထပ်ထူထူဝတ်ရင်အသက်ရှူကြပ်လို့ပါဆို"
"အကိုကအပြင်ကလေတွေတအားဝင်တယ်။အကိုအအေးပတ်မှာဆိုးလို့ပါ"
အကိုကတကယ်ပါလေ။အခုကျွန်တော်တို့တောင်ကြီးကိုသွားနေကြတာ။အားလုံးစာမေးပွဲအောင်တဲ့အထိမ်းအမှတ်လေ။အကို့မိဘတွေကခွင့်ပြုလို့သွားရတာပေါ့။ရန်အေးတို့ကကမ်းခြေသွားချင်တယ်ဆိုပေမဲ့အကိုကတောင်ကြီးဘဲသွားချင်တာမို့တောင်ကြီးကိုရွေးချယ်ခဲ့ကြတာပါ။နောက်တခုကအားလုံးကflight နဲ့သွားမယ်လို့ပြောတော့အကိုကကားနဲ့သွားချင်တယ်ဆိုလို့ကားနဲ့ပေါ့။ကားနဲ့ဆိုတော့daddy တို့ကအိမ်ကကားနဲ့ဘဲသွားခိုင်းတယ်။driverလည်းတခါတည်းထည့်ပေးလိုက်တယ်ဆိုတော့ကျွန်တော်တို့အတွက်အဆင်ပြေတာပေါ့။ကားရှေ့ခန်းdriverရဲ့ဘေးခုံမှာမှိုထိုင်တယ်။အလယ်ခန်းမှာကျွန်တော်နဲ့အကိုထိုင်တယ်။နောက်ခန်းမှာဇေယျနဲ့ရန်အေးထိုင်တယ်။ခရီးကလည်းတဝက်လောက်ရလာပြီ။အခုလည်းကားမှန်ပိတ်ဖို့ပြောတာမပိတ်ဘူး။အပြင်ကလေစိမ်းတွေတအားဝင်တော့အကိုနေမကောင်းဖြစ်မှာစိုးရိမ်မိတယ်။ဒါပေမဲ့အကိုကအေးဆေးဘဲ။ကျွန်တော်အကို့အကြောင်းသိလာရတဲ့နောက်တချက်ကိုပြောပါဆိုရင်အကိုကသူကြိုက်တဲ့အရာနဲ့ပတ်သက်ပြီးပိတ်ပင်လို့မရဘူးဆိုတာပါဘဲ။ဥပမာ-ကားစီးရင်းကားမှန်ပိတ်ခိုင်းတာမျိုး။တခုခုစားလို့အစပ်အများကြီးစားနေရင်မစားဖို့ပိတ်ပင်တာမျိုး။တကယ်ပါအကိုကမထင်ရင်မထင်သလိုခေါင်းမာတတ်တဲ့သူမျိုး။ဒါပေမဲ့အဲဒီအချက်လေးကလဲချစ်စရာကောင်းပါတယ်လေ။
"အကိုကားမှန်ပိတ်လိုက်ပါနော်"
"မပိတ်ချင်ဘူးလို့"
"ဟုတ်တာဘဲလင်းပြည့်ရာကိုနှောင်းမပိတ်ချင်ရင်မပိတိခိုင်းနဲ့ပေါ့။"
ဇေယျကအနောက်ခန်းကနေကျွန်တော့်ကိုငြိုငြင်လာပါပြီ။သူတို့မသိပါဘူးကျွန်တော်အကို့ကိုစိတ်ပူလို့အတင်းပိတ်ခိုင်းနေတယ်ဆိုတာ။
"တဝက်ပိတ်ပေးမယ်ရလား"
ခဏကြာမှအကိုကမှန်ကိုတဝက်ပိတ်ပေးမဲ့အကြောင်းပြောလာခဲ့တယ်။မသိရင်ကျွန်တော်အတွက်ဘဲကားမှန်ပိတ်ပေးရသလိုလိုနဲ့။
"အင်းရတယ်"
အခုမှဘဲစိတ်နဲနဲသက်သာသွားတော့တယ်။အပြည့်မပိတ်ပေမဲ့လည်းအဆင်ပြေပါတယ်။အဓိက က အကို့ဆိုလေစိမ်းတွေအရမ်းမထိဖို့ဘဲ။
"သားတို့ဗိုက်ဆာကြပြီလား"
Driver ဦးလေးဦးမိုးကကျွန်တော်တို့ကိုမေးလာခြင်းပါ။
"ဘာပြောကောင်းမလဲဦးမိုးရာဆာပြီပေါ့ဗျ"
ဇေယျကတော့အစားဆိုရှေ့ဆုံးကဖြေပြီးသားဘဲ။
ကျွန်တော်အကို့ကိုကြည့်လိုက်တော့နားကြပ်လေးတပ်ပြီးအိပ်ပျော်နေပြီ။အခုလောက်ဆိုအကိုလည်းဗိုက်ဆာရောပေါ့။
"ဦးမိုးရှေ့နားကတဆိုင်ဆိုင်မှာဝင်စားရအောင်လေ။ဦးမိုးလည်းကားမောင်းရတာပင်ပန်းနေပြီမလား။တခုခုဝင်စားရင်းနားရအောင်"
"ဦးမိုးကရပါတယ်။ဒါဆိုရှေ့ကဆိုင်မှာရပ်ပေးမယ်နော်"
"ဟုတ်ကဲ့ဦးမိုး"
လင်းပြည့်ဆိုတာအိမ်မှာခိုင်းတဲ့ဘယ်သူ့ကိုမဆိုရိုရိုသေသေဆက်ဆံတဲ့သူမျိုး။သနားတတ်တယ်။ကြင်နာတတ်တယ်။ပိုက်ဆံရှိတိုင်းသူဌေးသားဆိုပြီးထင်တိုက်းကျဲတဲ့ဘဝင်မြင့်တဲ့အထဲမှာလုံးဝမပါတဲ့သူမျိုး။
"ကဲသားတို့ဆင်းလို့ရပြီ"
ဦးမိုးရဲ့စကားကြောင့်မှိုတို့ကအလျှိုလျှိုဆင်းသွားကြပြီ။အကိုကတော့အခုထိမနိုးသေးဘူး။ကျွန်တော်အကို့နားကပ်ပြီး
"အကို..အကို..အကို"
ကျွန်တော်ရဲ့အသံကတကယ်ကိုငြင်ငြင်သာသာလေးပါ။
"အကို..အကို"
"ဟင်"
နိုးလာပါပြီ။အိပ်မှုန်စုတ်ဖွားလေးနဲ့အကိုပါ။နားကြပ်ကလေးဖြုတ်ပြီးကားအပြင်ဘက်ကိုစူးစမ်းသလိုကြည့်နေတဲ့ပုံလေးကချစ်ချင်စရာအတိ။
"တခုခုစားရအောင်။ဗိုက်ဆာနေပြီမလား"
"ရောက်ပြီလား"
"အိပ်ချင်မူးတူးနဲ့ဘယ်လိုလုပ်ရောက်အုန်းမှာလဲအကိုရဲ့။အခုမှလမ်းမှာဘဲရှိသေးတာ။ခနနားကြမလို့ဗိုက်မဆာသေးဘူးလား"
"အင်းဆာပြီ"
"လာဒါဆို။အကုန်လုံးဆင်းသွားကြပြီးအကိုနဲ့ကျွန်တော်ဘဲကျန်တော့တာ"
"အင်း"
အခုထိအကိုဟာအိပ်ချင်မပြေသေးတဲ့ပုံဘဲ။အကိုနဲ့ကျွန်တော်ဆိုင်ထဲဝင်လာတော့
"ကိုနှောင်းနိုပြီလား။မှိုကလင်းပြည့်နိုးလို့မှရရဲ့လားလို့စိတ်ပူနေတာ"
"အင်း။ငါအကြာကြီးအိပ်သွားတာလား"
"မကြာပါဘူးအကိုရဲ့။အကိုအိပ်သွားတာတစ်နာရီတောင်မရှိသေးဘူး"
"ဪ"
"ကဲကဲဘယ်သူဘာမှာမလဲ။မြန်မြန်မှာကြ။ငါဗိုက်ဆာနေပြီ"
"ဇေယျနွား။အမြဲတမ်းဆာနေ။တလမ်းလုံးအဆက်မပြတ်စားခဲ့တာလဲမင်းဘဲ"
"မင်းရောမဆာဘူးလား"
"တော်တော့ဣှစ်ယောက်စလုံး။မင်းတို့နှစ်ယောက်လဲအမြဲတမ်းကိုက်နေကြတာဘဲ"
မှိုဝင်ပြောမှဇေယျနဲ့ရန်အေးလည်းတိတ်သွားတော့တယ်။
ကျွန်တော်တို့အားလုံးမှာစရာရှိတာမှာပြီးသွားတော့မှိုက
"လင်းပြည့်မင်းမှာနေကြcoffeeအေးရောမမှာတော့ဘူးလား"
"ငါcoffeeအေးမသောက်တော့ဘူး။အကိုကcoffeeနဲ့allergic ရှိလို့"
ကျွန်တော်ပြောလိုက်တော့ခေါင်းလေးမော့ကြည့်လာပြီးပြူးကြောင်ကြောင်နဲ့အကိုက
"ငါနဲ့ဘာဆိုင်လို့လဲ။မင်းကိုပြောပြီးသားနော်အလင်း။မင်းကြိုက်တာမင်ဍသောက်ခွင့်ရှိတယ်။ငါ့အတွက်နဲ့မင်းအကြိုက်တွေလိုက်ပြင်စရာမလိုဘူးလို့"
"ဟုတ်ကဲ့ပါအကိုရယ်။အကိုကcoffeeဆိုအနံ့တောင်မခံနိုင်တာကျွန်တော်သိလို့မသောက်ဖို့ဆုံးဖြတ်လိုက်တာ။ပြီးတော့သူကကျန်းမာရေးနဲ့လည်းသိပ်မကိုက်ညီဘူးထင်လို့"
လင်းပြည့်ရဲ့စကားမှာကျွန်မသဘောပေါက်လိုက်ပါပြီ။လင်းပြည့်ဟာကိုနှောင်းနဲ့ပတ်သက်လာရင်အရာရာကိုစွန့်လွှတ်ရဲတဲ့လူတယောက်ဆိုတာကိုပေါ့။ပြီးတော့ကိုနှောင်းကိုလည်းအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်တဲ့လူတယောက်။

Interlinear Where stories live. Discover now