Part-18

222 17 0
                                    

ကျွန်တော်နဲ့အကိုအခုလေယာဉ်ကွင်းဆီသွားနေတာပါ။ကျွန်တော်ကြားမောင်းရသ်းအကို့ကိုကြည့်လိုက်တော့အကိုကလမ်းဘေးကိုငေးနေတယ်။စထွက်လာကတည်းကကျွန်တော်လည်းအကို့ကိုစကားတစ်ခွန်းမှမပြောမိသလိုအကိုလည်းကျွန်တော့်ကိုဘာမှမပြောသေးဘူး။သေချာတာတော့ကျွန်တော်တို့နှစ်ယောက်လုံးဝမ်းနည်းနေတယ်ဆိုတာပါဘဲ။

(အကိုသိလားကျွန်တော်အကိုနဲ့မခွဲနိုင်ဘူး။အကိုကျွန်တော့်ကိုပြောခဲ့သလိုဘဲကျွန်တော်လည်းအကို့ကိုကျွန်တော်နဲ့ဝေးရာမှာရှင်သန်ခွင့်မပြုနိုင်ဘူး။ဒါပေမဲ့အကိုကကျွန်တော်တို့နှစ်ယောက်ထာဝရမဝေးရဖို့အတွက်အကိုမတက်ချင်တဲ့ကျောင်းကိုတက်ဖို့အကိုမသွားချင်တဲ့နိုင်ငံကိုသွားဖို့ဆိုတဲ့လမ်းကိုရွေးချယ်ခဲ့လို့ကျွန်တော်မတားနိုင်ပြန်ဘူးအကိုရယ်...)

"အကို.."

"ဟင်.."

"အကို့မိဘတွေနဲ့ရောအဆင်ပြေရဲ့လား"

"ဒီလိုပါဘဲ။ဘာဖြစ်လို့မေးတာလဲမောင်"

"ဘာမှမဖြစ်ပါဘူး။တကယ်ဆိုဒီနေ့လိုနေ့မျိုးမှာသူတို့လည်းလိုက်သင့်တယ်ထင်လို့"

"ဪ..အဖေကဒီနေ့မအားဘူးတဲ့။မင်းရဲ့မောင်ဆိုတဲ့လူကိုလိုက်ပို့ခိုင်းတဲ့။ဟက်!!မောင်မင်းသိလားအဖေကဒီတခါငါ့ကိုရှုံးလိုက်ရလို့ငါ့အချစ်ရေးကိုဘဲမဟုတ်ဘူးငါနဲ့ပက်သတ်တဲ့အရာအားလုံးကိုလျစ်လျူရှုလိုက်တာ"

"ကျွန်တော်တောင်းပန်ပါတယ်အကို။ကျွန်တော်ကြောင့်ပါ"

"မင်းကြောင့်မဟုတ်ဘူးလို့ငါပြောပြီးသားလေမောင်"

အကိုကကျွန်တော်ဘယ်လက်လေးကိုဆုတ်ကိုင်ပြီးပြောလာခြင်းပါ။ဘာလိုလိုနဲ့ကျွန်တော်တို့လေယာဉ်ကွင်းကိုရောက်ခဲ့ပြီ။ကျွန်တော်အကို့ကိုကားတံခါးဖွင့်ပေးပြီးအကို့ပစ္စည်းတွေချပေးလိုက်တယ်။
"အကိုဟိုမှာအစစအရာရာဂရုစိုက်မယ်မလား။ကျွန်တော့်ကိုစိတ်ပူအောင်မလုပ်ဘူးမလား။ကျွန်တော့်ကိုရောအားတဲ့အချိန်တိုင်းဆက်သွယ်မယ်မလား။ပြီးတော့ကျွန်တော့်ကိုသစ္စာရှိပေးမယ်မလားအကို"

Interlinear Where stories live. Discover now