Part-19

222 16 4
                                    

ဒီနေ့အကိုပြန်လာမယ်။ကျွန်တော်လေယာဉ်ကွင်းမှာစောင့်နေတာနာရီဝက်ရှိပြီ။အကိုစီးလာတဲ့လေယာဉ်ကအခုထိမဆိုက်သေးဘူး။

*Ring...Ring*

"Hello နေမျိုးပြော"

"ဟုတ်ကဲ့ဘော့စ်၊ဘော့စ်ရဲ့မြို့ထဲကစားသောက်ဆိုင်မှာပြဿနာဖြစ်နေလို့ဘော့စ်"

"ဘယ်လိုဖြစ်တာလဲ"

နေမျိုးနဲ့ဖုန်းပြောနေပေမဲ့လင်းပြည့်ရဲ့မျက်လုံးအစုံကလေယာဉ်ကွင်းတစ်ခုလုံးကိုလိုက်ပတ်ကြည်ါနေတာပါ။

"Customers ဘက်ကစတာပါဘော့စ်။ဝန်ထမ်းတွေတောင်းပန်နေတာကိုလက်မခံဘဲသောင်းကျန်းနေပါတယ်။အရက်လဲနည်းနည်းမူးထားပါတယ်ဘော့စ်"

"အရက်မူးနေလို့ဖြစ်မှာပေါ့။မင်းဘဲပြေလည်အောင်ဖြေရှင်းပေးလိုက်။ငါမအားဘူး"

"ဟုတ်ကဲ့ဘော့စ်။နေ့လယ်(၁)နာရီမှာအစည်းအဝေးရှိတယ်ဘော့စ်"

"ဖျက်လိုက်။ဒီနေ့ငါမအားဘူး"

"ဗျာ!"

သွားပြီ။ဖုန်းချသွားပြီ။နေမျိုးတကယ်စိတ်ပျက်မိတယ်။ဒီနေ့ဘော့စ်ဘာဖြစ်နေတာပါလိမ့်။ပုံမှန်ဘာအကြောင်းဘဲရှိရှိအစည်းအဝေးကိုဘယ်တော့မှမဖျက်ဘူး။တခါတလေအစည်းအဝေးလုပ်နေတုန်းဖုန်းလာရင်တောင်contact ကိုအရင်ကြည့်တယ်။Contactက  'Only 🌻' ဆိုမှကိုင်တယ်။ဖုန်းပြောပြီးမှအစည်းအဝေးဆက်လုပ်တယ်။ဘော့စ်မှာချစ်သူရှိတယ်လို့တော့သတင်းမထုတ်ထားဘူး။တခါတလေရုံးခန်းထဲမှာထိုင်ပြီးတက်တူးလေးကြည့်လိုက်၊လက်စွပ်လေးကြည့်လိုက်၊နဲ့တယောက်ထဲစကားပြောလိုက်နဲ့။ပြီးတော့ဘော့စ်အမြဲဆွဲနေကျဖန်စီဆွဲကြိုးလေးရောဘဲ။သေချာတာတော့ဘော့စ်ဖုန်းရဲ့contact ထဲက only🌻ရယ်၊lightဆိုတဲ့ဆွဲကြိုးလေးရယ်၊Mစာလုံးနဲ့လက်စွပ်ရယ်၊Muee ဆိုတဲ့တက်တူးရယ်ကဆက်စက်မှုရှိနေတာဆိုတာဘဲ။Muee ဆိုတာဘော့စ်ရဲ့ကောင်မလေးများလား။နေမျိုးတယောက်အတွေးကမ္ဘာထဲကထွက်လိုက်ပြီး
(ငါ့အလုပ်ကအဲတာမဟုတ်ဘူး၊အခုပြဿနာတခုရှင်းရမယ်။အစည်းအဝေးဖျက်ရမယ်။)

———————————————————————————
အကိုစီးလာတဲ့လေယာဉ်ဆိုက်ပြီ။ဒါပေမဲ့ကျွန်တော်အခုထိအကိုထွက်လာတာမတွေ့သေးဘူး။ကျွန်တော့်စိတ်တွေအရမ်းလောနေတယ်။အကိုနဲ့အရမ်းတွေ့ချင်နေလို့။(၆)နှစ်ကြာမှပထမဆုံးပြန်တွေ့ရမဲ့ချစ်သူလေးကိုတွေ့ချင်လှပြီ။အကို့ဆီကိုဖုန်းဆက်ရင်းကျွန်တော်အကို့ကိုရှာနေတုန်းဘဲ။အကိုကဖုန်းဝင်တာနဲ့တန်းကိုင်ပါတယ်။

Interlinear Hikayelerin yaşadığı yer. Şimdi keşfedin