Part-36(Final)

923 23 7
                                    

"ငါမင်းကိုအစကတည်းကပြောပြီးပြီဝိုင်။နားထောင်ရတဲ့မင်းတော့မသိဘူး။ပြောရဲ့ငါကတော့မင်းကိုတကယ်အားနာနေပြီဝိုင်။ငါမောင့်ကိုဘဲချစ်တာ"

"မရဘူးနှောင်း။ငါလည်းမင်းကိုဘဲချစ်တာ...ငါမင်းတို့နှစ်ယောက်လုံးကိုမရရအောင်ပြန်ခွဲမှာ။"

"ကျစ်!!!မင်းဘယ်လိုဖြစ်နေတာလဲဝိုင်။မင်းချစ်ရမဲ့လူအဲလောက်တောင်ရှားလားဟမ်!"

ဒီစကား...ဒီစကား...ကျွန်တော်ခမိုင့်ကိုပြောခဲ့ဖူးတဲ့စကား။အဓိပ္ပာယ်အတူတူဘဲ...ဒါပေမဲ့ကျွန်တော်ခမိုင့်ကိုပြောခဲ့တဲ့စကားထက်အသုံအနှုန်းပိုရင့်သီးတယ်။ခမိုင့်ကိုပြောခဲ့တုန်းကဘာမှမဖြစ်ခဲ့ပေမဲ့ကျွန်တော်အပြောခံလိုက်ရတော့တကယ်ကိုရင်ထဲခံရခက်လွန်းမှန်းသိလိုက်ရတယ်"

"တောင်းပန်ပါတယ်ဝိုင်။ငါမင်းကိုမချစ်နိုင်လို့။ပြီးတော့ငါမောင့်ကိုဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး။နောက်တခုက...ငါတို့အရင်လိုလုံးဝအဆက်အသွယ်မလုပ်ဘဲနေကြရအောင်"

ကျွန်တော်ပြောလိုက်တော့ခေါင်းငုံ့နေခဲ့တဲ့ဝိုင်ကကျွန်တော့်ကိုတအံ့တဩမော့ကြည့်လာတယ်။ဟင်...ဝိုင်ငိုနေတာလား...ဝိုင့်မျက်လုံးတွေနီနေတယ်။ပြီးတော့မျက်နှာမှာလည်းမျက်ရည်တွေပြည့်နေတယ်...ဝိုင့်နှုတ်ကကယောင်ခြောက်ခြားပြောလာတဲ့စကားက...

"နှောင်း...ဘာကိုပြောချင်တာလဲ....မင်းနဲ့မဆက်သွယ်ဘဲနေကြရအောင်ဆိုတာဘာအဓိပ္ပာယ်လဲ....ဟမ်...နှောင်း..."

"ငါတို့လွန်ခဲ့တဲ့(၅)နှစ်(၆)နှစ်အတွင်းကလိုဘဲတယောက်နဲ့တယောက်မသိသလိုနေကြရအောင်။ငါဒီထက်ပိုပြီးမောင့်ကိုစိတ်မပူစေချင်ဘူး။မောင်စိတ်မပူဖို့ဆိုတတာကလည်းငါ့အနေအထိုင်ပေါ်မှာအများကြီးမူတည်နေတာမို့...ငါတောင်းပန်ပါတယ်။မင်းဆီငါ့ထက်ပိုသာတဲ့သူရောက်လာအုန်းမှာပါ။ပြီးတော့သေချာပေါက်သူကလည်းမင်းအချစ်ကိုလက်ခံပေးမှာပါ..."

ကျွန်တော်ဝိုင့်ကိုစကားကုန်ကုန်ပြောပြီးဝိုင့်ရှေ့ကထွက်လာခဲ့တယ်မောင်ရှိရာကားလေးဆီကို...ဒီစကားဝိုင်းထဲမောင်ရှိနေသင့်တယ်ဆိုပေမဲ့မဖြစ်သင့်တာတွေမဖြစ်အောင်မောင့်ကိုကားထဲမှာဘဲစောင့်ထားခိုင်းခဲ့တာ...တော်သေးတယ်။မဟုတ်ရင်ဝိုင့်ရဲ့ကျွန်တော့်ကိုဘဲချစ်တယ်ဆိုတဲ့စကားမှာဘာတွေဖြစ်သွားမလဲမပြောတတ်ဘူး။ကျွန်တော်ကားပေါ်တက်လိုက်တာနဲ့မောင်ကကားလေးကိုမောင်းထွက်ခဲ့တော့တယ်...

Interlinear Where stories live. Discover now