Part-4

419 30 2
                                    

"Morning daddy,mommy"

အလင်းထမင်းစားခန်းထဲဝင်လာရင်းdaddy နဲ့mommy ကိုနှုတ်ဆက်လိုက်ခြင်းပါ။အလင်းရဲ့mommyကcoffeeလေးငှဲ့ရင်း

"သား..နိုးပြီလား။လာဒီမှာသားကြိုက်တတ်တာတွေmommy ပြင်ထားပေးတယ်။"

"ဟုတ်ကျေးဇူးပါmommy"

အလင်းကတမျိုး။သားအမိအချင်းချင်းတောက်ကျေးဇူးတင်စကားပြောဖို့မမေ့ဘူး။

"ဪ..သား..သားကိုdaddy ပြောမလို့"

"ဟုတ်daddy"

"သားဟိုနေ့ကသင်တန်းသွားအပ်တာသမီးမှိုမသိသေးဘူးဆို"

"ဟုတ်တယ်daddyကျွန်တော်မပြောဖြစ်သေးတာသူတို့ကို"

"သူတို့ကိုဆိုတော့ရန်အေးနဲ့ဇေယျတို့လည်းမသိသေးဘူးပေါ့"

"ဟုတ်တယ်daddy ။ဘာလို့လဲ"

"ဘာမှတော့မဟုတ်ပါဘူး။သားသင်တန်းသွားအပ်တဲ့နေ့ကdaddy market မှာသမီးမှိုနဲ့တွေ့တော့သားကိုမေးလို့daddyကသင်တန်းသွားအပ်တယ်လို့ပြောတော့သူမသိသေးဘူးဆိုလို့"

"ကျွန်တော်တခြားသူငယ်ချင်းတယောက်နဲ့သွားအပ်လိုက်တာdaddy"

"တခြားသူငယ်ချင်း?သားမှာမှိုတို့ကလွှဲပြီးတခြားသူငယ်ချင်းရှိသေးတာလား"

"ဟုတ်တယ်mommy ရဲ့အကိုနဲ့သိတာကသိပ်တော့မကြာသေးဘူးစာမေးပွဲဖြေတုန်းကမှသိတာ။သူငယ်ချင်းဆိုပေမဲ့ကျွန်တော့်ထက်၂နှစ်ကြီးတယ်။ကျွန်တော်တရက်ခေါ်လာခဲ့မယ်"

"ဪ..ကောင်းပါတယ်သူငယ်ချင်းများများရှိတာ"

"ဟုတ်mommy"

ကျွန်တော်တို့စကားစလေးပျက်သွားခဲ့ပြီး။ခဏကြာတော့

"ဒါနဲ့ကျွန်တော်daddyနဲ့mommyကိုတိုင်ပင်စရာရှိလို့"

"ပြောပါအုန်းဘာများလဲ"

"ဒီလိုပါdaddyကျွန်တော်အခုစီးပွါးရေးနဲ့ပတ်သတ်တဲ့သင်တန်းတွေကိုလဲတက်ဖို့စဉ်းစားထားတယ်"

"ကောင်းတာပေါ့သားရဲ့mommy ကတော့အားပေးတယ်"

"ဟုတ်အဲဒါdaddyရဲ့ကုမ္ပဏီမှာလည်းသားလေ့လာချင်လို့"

Interlinear Where stories live. Discover now