ကျွန်တော်ကုမ္မဏီကအလုပ်တွေလုပ်ပြီးနာရီကြည့်လိုက်တော့ည(၁၀)နာရီတောင်ရှိနေပြီ။ထမင်းစားပြီးကတည်းကကျွန်တော်ကွန်ပျူတာတလုံးနဲ့အလုပ်ရှုပ်နေလို့အကို့ကိုသတိမထားမိလိုက်ဘူး။အခုချိန်လောက်ဆိုအကိုအိပ်နေပြီထင်တယ်။ကျွန်တော်အကို့အခန်းသွားကြည့်ဖို့ထလာခဲ့တယ်။အကို့အခန်းတံခါးခေါက်ကြည့်လိုက်တော့အထဲကဘာသံမှမကြားရဘူး။
"အကို....အကို..."
ကျွန်တော်အသံပေးပြီးခေါ်လိုက်တော့လည်းပြန်မထူးဘူး။အပေါ်ထပ်လသာဆောင်မှာများလား။ကျွန်တော်လသာဆောင်ပေါ်တက်ခဲ့ကြည့်လိုက်တော့တွေ့ပါပြီ။ကျွန်တော့်အသဲအသက်လေး..အကို့ရဲ့ခါးသေးသေးလေးကိုအနောက်ကနေသိုက်းဖက်လိုက်တော့အကို့ခန္ဓာကိုယ်လေးကကျွန်တော့်ရင်ခွင်ထဲအလိုက်သင့်လေးဝင်လာခဲ့တယ်။
"အလုပ်လုပ်ပြီးပြီလားမောင်"
"အင်း...ကျွန်တော်ကကိုကိုအိပ်နေပြီထင်တာ"
"မောင်...ဘယ်လိုတွေခေါ်နေတာလဲ"
"ကိုကို...လို့ခေါ်လိုက်တာလေ"
"ဟာ...အဲလိုကြီးမခေါ်နဲ့လေ"
"ဘာလို့လဲအကိုရာ...ကူးကူးတို့တောင်ကိုကိုလိုခေါ်သေးတာကို။ သူတို့ခေါ်တာကျတော့အကိုကဘာမှမပြောဘူး"
"သူတု့က ကလေးတွေလေ"
"ကျွန်တော်လည်းကလေးဘဲလေ"
ဟာာာာ...ဒီမောင်နဲ့တော့လေ...ကူးကူးတို့က ကလေးမို့လို့ဘာမှမဖြစ်ပေမဲ့မောင်ါဘက်က ကိုကိုလို့ခေါ်လိုက်ရင်ကျွန်တော်တကယ်မနေတတ်တာပါ...
"မောင်..."
"ဗျာ.."
"ငါလေ...မင်းဆီက အကို၊အသက်၊အချစ်တို့ခေါ်တာဘဲလိုချင်တာ.."
"ဘာလို့လဲ"
ကျွန်တော်မောင့်ဘက်လှည့်ပြီးမောင့်ကိုအကြည့်ချင်းဆုံလိုက်တယ်။ပြီးမှမောင့်ပုခုံးကိုကျွန်တော့်လက်နှစ်ဖက်နဲ့ဖက်တွယ်လိုက်တော့မောင်ကျွန်တော့်ခါးတွေကိုပြန်ဖက်လာခဲ့တယ်။
"မင်းခေါ်တဲ့အဲ့နာမ်စားလေးတွေကငါ့တယောက်ထဲမူကိုင်ရထားလို့လေ"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻