*ဒေါက်..ဒေါက်*
နှောင်းခန့်အခန်းထဲမှာသင်တန်းတွေစုံစမ်းနေတုန်းတံခါးခေါက်သံကြားလိုက်ရသည်။နာရီကိုတချက်တွေတွေလေးမော့ကြည့်လိုက်တော့ထမင်းစားချိန်ဘဲ။အခုလိုထမင်းစားချိန်ဆိုညီမလေးဖြစ်သူလာခေါ်နေကြ။
"Lockမချထားဘူး"
"ကိုကြီး"
ညီမလေးရဲ့ခေါ်သံကြောင့်နှောင်းခန့်တံခါးကိုလှည့်ကြည့်လိုက်သည်။သူ့အတွက်တော့တကယ်ချစ်စရာကောက်းတဲ့ 'လေပြေနှောင်း' လေးပါ။အခုမှ၆တန်းတက်မဲ့နှောင်းခန့်ညီမလေးပေါ့။လေပြေကနှောင်းခန့်ကိုအရမ်းချစ်သလိုနှောင်းခန့်ကလည်းလေပြေ့ငိုဂရုစိုက်တယ်။လေပြေကအသက်နဲ့မမျှအောင်ရင့်ကျက်တဲ့မိန်းကလေးတယောက်။
"ဟာ..ကိုကြီးညီမလေးကထမင်းစားဖို့လာခေါ်တာလား"
"ဟုတ်ကဲ့ကိုကြီးထမင်းသွားစားစို့လေ"
"ဗိုက်ဆာပြီလားလေပြေလေးက"
"သိပ်တော့မဆာသေးပေမဲ့အဖေနဲ့အမေကစောင့်နေပြီလေ"
"ဟား ဟားဟုတ်ပါပြီ။လိမ္မာလိုက်တာလာသွားကြစို့"
"ဟုတ်"
နှောင်းခန့်လေပြေနဲ့လက်လေးတွဲပြီးအောက်ထပ်ကိုဆင်းလာခဲ့သည်။နှောင်းခန့်ကလေပြေနဲ့သာစကားတွေအများကြီးပြောပြီးတရင်းတနှီးနေပေမယ့်တခြားသူတွေနဲ့ဆိုအမြဲတိတ်နေတတ်တဲ့သူမျိုး။မိဘဖြစ်တဲ့အဖေနဲ့အမေကိုတောင်လိုအပ်မှစကားပြောတာ။အင်းးးအခုတော့နှောင်းခန့်မှာလေပြေလိုမျိုးပေါင်းသင်းဆက်ဆံရမဲ့လူပေါ်လာပြီထင်တယ်။သူကလင်းပြည့်ဦးလေ။နှောင်းခန့်နဲ့လင်းပြည့်အခုဆိုတော်တော်ကိုခင်နေပြီ။၁၀တန်းဖြေပြီးတာတောင်အဆက်အသွယ်ကမပျက်ကြဘူး။ဇေယျတို့နဲ့လည်းပုံမှန်အဆက်အသွယ်တော့ရှိကြတယ်။
"သားနှောင်းခန့်စားလေ"
ထမင်းပန်းကန်ရှေ့ထားပြီးအတွေးလွန်ေနေတဲ့သားဖြစ်သူကိုဦးမောင်ဌေးပြောလိုက်ခြင်းပါ။
"ဟုတ်..စားပါတယ်အဖေ"
"ပြောစရာရှိလို့လားအဖေတို့ကို"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻