"Cheers"
"ငါတို့အရက်သောက်နေတာမဟုတ်ဘူးဇေယျ"
"သိပါတယ်မှိုရာ။ငါပြောတဲ့cheersဆိုတာကဒီကောင်ပေါ်တော်မူလင်းပြည့်ကိုဂုဏ်ပြုတဲ့အထိန်းအမှတ်နဲ့ပါ"
"ဂုဏ်ပြုတယ်ဆိုလဲ congratulations လို့ပြော။မသိရင်သူများတွေငါတို့ကိုအရက်သောက်နေတယ်ထင်နေမယ်"
"ဟား..ဟား"
မှိုရဲ့အပြောမှာကျွန်တော်တို့အားလုံးပွဲကျသွားပါတယ်။
"ကဲရှင်းပါအုန်းလင်းပြည့်"
ရန်အေးရဲ့စကားကြောင့်လင်းပြည့်ကကြောင်တောင်တောင်ပုံစံလေးနဲ့
"ဘာရှင်းရမှာလဲ"
"ဝေ့မနေနဲ့ဟေ့ကောင်။မင်းရဲ့project ကိစ္စပြောနေတာ။ဘယ့်နှယ်ကွာပြေးကြည့်မှဒီသူငယ်ချင်းလေး(၃)ယောက်ရှိတာကိုသူ့အလုပ်အကြောင်းဘာမှမပြောပြဘူး။ကိုနှောင်းရဲ့ig post မှာမြင်မှဘဲသိလာရတယ်"
"Sorry ကွာ။အခုသိနေပြီမလားမင်းတို့ကလည်း"
"နွား..အခုသိတာတောင်ကိုနှောင်းပြောပြလို့လေ"
"ဟင်..မင်းအကို့ကိုဖုန်းဆက်မေးလိုက်သေးတာလား။"
ကျွန်တော်ပြာပြာသလဲမေးလိုက်တော့ရန်အေးကကြောင်အမ်းအမ်းနဲ့
"အေးလေ။ဖုန်းဆက်ပြီးမမေးရင်ဘယ်လိုမေးရမှာလဲ"
"ဟာ..မင်းအကိုနဲ့ဖုန်းဘယ်လောက်ကြာအောင်ပြောလိုက်တာလဲ"
"ဘယ်လောက်မှမကြာဘူး။အဲလောက်ဖြစ်ပြမနေနဲ့။ကိုနှောင်းig မှာတင်ထားတဲ့ဆွဲကြိုးပုံနဲ့post ကဘာအတွက်လဲ။caption က 'Congratulations MG'
ဖြစ်နေလို့လို့ဘဲမေးနာ။ကိုနှောင်းကဘဲမင်းကိစ္စတွေအကုန်ပြောပြသွားတာ..နွား..ရဲ့""ငါကဖြစ်ပြနေတာမဟုတ်ဘူး။အခုအကိုစာမေးပွဲတစ်ခုဖြေစရာရှိလို့သူစာတွေလုပ်နေရတယ်။အဲတာသူ့အတွက်အနှောင့်အယှက်ဖြစ်မှာဆိုးလို့"
လင်းပြည့်ကပြောလိုက်တော့မှိုက
"ကိုနှောင်းကဘာစားမေးပွဲဖြေရမှာလဲ"
"ဒီလို........."
"ဟာ..ဒါဆိုကိုနှောင်းမိဘတွေမင်းတို့ကိုလက်မခံဘူးပေါ့။"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻