"မောင်!!!!"
နှောင်းခန့်မှူးတယောက်အိပ်မက်ကနေအလန့်တကြားလန့်နိုးလာခဲ့တယ်။
"ဟူး..."
ဘာအိမ်မက်ကြီးလဲ။ကျွန်တော့်အိပ်မက်ထဲမှာကျွန်တော်နဲ့ကောင်လေးတယောက်စကားများနေခဲ့ကြတယ်။စကားများနေခဲ့တဲ့တောက်လျှောက်ကျွန်တော်သူ့ကိုမောင်လို့ခေါ်နေခဲ့တာ...
ကျွန်တော်အိပ်မက်အကြောင်းမစဉ်းစားချင်တော့လို့ခေါင်းကိုတချက်ခါလိုက်ပြီးစားပွဲပေါ်ကရေဘူးကိုမော့သောက်လိုက်တယ်။
"ဟူး.."
ကျွန်တော်အိပ်ရာပေါ်ပြန်လှဲပြီးအိပ်ပျော်အောင်ကြိုးစားကြည့်ပေမဲ့မြန်မြန်ပြန်အိပ်မပျော်တော့တာကြောင့်ဖုန်းဖွင့်ပြီးနာရီကြည့်မိတော့မနက်(၂)နာရီဘဲရှိနေသေးတယ်။အိပ်မပျော်မဲ့အတူတူဖုန်းကြည့်နေလိုက်မယ်လို့တွေးမိပြီးdata ဖွင့်၊ig ထဲဝင်ကြည့်တော့မနက်(၂)နာရီမို့ထင်တယ်ဘာupdateမှရှိမနေခဲ့ဘူး။ကိုယ့်အကောင့်ထဲကိုယ်ပြန်ဝင်ကြည့်တော့ရှားရှားပါးပါးပုံလေး(၃)ပုံဘဲတင်ထားတယ်။ပထမဆုံးတင်တဲ့ပုံကဆွဲကြိုးပုံလေးcaptionက 'Congratulations MG' တဲ့။Mg ဆိုတာဘယ်သူ့ကိုရည်ညွှန်းတာလဲ။ကျွန်တော်ဒီဆွဲကြိုးကိုတယောက်ယောက်ဆီမှာမြင်ဖူးတယ်။ဒါပေမဲ့မမှတ်မိဘူး။စဉ်းစားလေခေါင်းကိုက်လေလေဘဲ...
———————————————
"ဒါဆိုသားကဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ""ကျွန်တော်လည်းမသိသေးဘူးမာမီ။အရင်ဆုံးတော့အကိုကျွန်တော့်ကိုမှတ်မိလာအောင်လုပ်ရအုန်းမယ်"
"ဟုတ်တယ်သား။ဒယ်ဒီလည်းအဲလိုဘဲထင်တယ်။သားတို့အရင်ကအမှတ်တရတွေကိုတဖြည်းဖြည်းခြင်းသားနှောင်းပြန်သတိရအောင်လုပ်ပေးရမယ်။သားပြောပုံအရဆိုသားနှောင်းကသားကိုသူ့စိတ်ကမမှတ်မိဘူးဆိုပေမဲ့မသိစိတ်ကတော့မှတ်မိနေသေးတယ်လို့ဒယ်ဒီကတော့ယူဆတယ်"
"ဒါပေမဲ့..."
ကျွန်တော်ကြောက်တယ်...အကိုကျွန်တော့်ကိုပြန်မှတ်မိပြီးမုန်းသွားရင်ရော....
"ဘာမှစိုးရိမ်မနေပါနဲ့သားရယ်...အခုလိုတခြားတယောက်နားမှာသားနှောင်းကိုထားထားတာထက်သားကိုမြန်မြန်ပြန်မှတ်မိအောင်လုပ်တာကပိုကောင်းပါတယ်။မာမီပြောတာဟုတ်တယ်မလားသား"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻