Extra(Final)Unicode

11.2K 767 43
                                    


ဒီနေ့ မှူးဆက်နဲ့ချိန်းထားတာကြောင့် အပြင်သွားဖို့ ရေချိုးပြီးတာနဲ့ အဝတ်အစားလဲနေတုန်းရှိသေး ဝီရိယရှိလွန်းလှတဲ့ မှူးဆက်ဆီက ဖုန်းဝင်လာတော့သည်။

"ဟဲလို"

"အင်း ယံယံ အဆင်သင့်ဖြစ်ပြီလား လာခေါ်ရတော့မလား"

"မဖြစ်သေးဘူး ငါအခုမှ အဝတ်အစားလဲနေတုန်းရှိသေးတယ်"

"ဪ....ဟုတ်လား ဒါပေမဲ့လည်း အိမ်ကထွက်လာခဲ့လိုက်တော့မယ်လေ ငါရောက်မှာနဲ့ မင်းပြီးမှာနဲ့ ကွက်တိပါပဲ"

"အင်း.."

မှူးဆက်ကို ပြန်ဖြေနေတုန်း မနေ့ညကစိတ်ကူးထားတဲ့အတွေးက ခေါင်းထဲဖျပ်ခနဲဝင်လာတော့ ယံယံကိုယ့်အကြံနဲ့ကိုယ် ပြုံးစိစိဖြစ်ကာ

"မှူးဆက်"

"အင်း....ဘာလဲ"

"ကားနဲ့မလာနဲ့ ဆိုင်ကယ်နဲ့ပဲလာခဲ့နော်"

"ဆိုင်ကယ်နဲ့လား ဘာဖြစ်လို့လဲ ငါကမင်းနေပူနေမှာစိုးလို့"

"မင်းခါးဖက်ပြီးစီးချင်လို့လေ"

သူ ထိုတိုင်းဖြေလိုက်တော့ ဖုန်းထဲကနေ မှူးဆက်ရဲ့ရယ်သံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။

"လတ်စသတ်တော့ ညဦးယံလေးက ငါ့ကို အသားယူချင်လို့ကို အိုခေ အခုချက်ချင်း ဆိုင်ကယ်ထုတ်ပြီး လာခဲ့ပါမယ်ဗျာ"

ဖုန်းချလိုက်ပြီးကာမှ ယံယံ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိသည်။မင်းခန့်မှူးဆက်တို့ပြီးရင် ကမ္ဘာပျက်တော့မယ်ဆိုတာ မသိသေးဘူးပဲ။

တီ..တီ....

ခြံရှေ့ကနေ ဆိုင်ကယ်ဟွန်းသံထွက်လာတာနဲ့ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ကာ အိမ်သော့ယူပြီး ခြံရှေ့ထွက်လာခဲ့လိုက်သည်။ မေမေမရှိတာကြောင့် ခြံတံခါးကို သေချာသော့ခတ်ပြီးတာနဲ့ မှူးဆက်ဘက်လှည့်ကာ မျက်နှာချိုသွေးတဲ့သဘောနဲ့ အချိုဆုံးအပြုံးနဲ့ပြုံးပြလိုက်တော့ မှူးဆက်က မျက်မှောင်ကြုံ့သွားပြီး

"ပုံမှန်မဟုတ်တဲ့ အပြုံးတွေနဲ့ ကြိုဆိုနေပါလား တစ်ခုခုတော့တစ်ခုခုပဲ"

"မှူးဆက်"

"ဟင်"

"ငါတို့ ဒီနေ့ဘယ်သွားဖို့ပြောထားတာလဲ"

🎉 You've finished reading သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+Zawgyi 🎉
သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now