Extra(Unicode)

17.5K 1.3K 85
                                    

ယံယံက အမေ့ကိုဖွင့်ပြောရအောင်ဆိုပြီး ဖုန်းဆက်လာတော့ သူ့မှာ ရင်ဘတ်ထဲ ရထားအစင်းတစ်ရာလောက်ဖြတ်မောင်းနေတဲ့ အတိုင်း။
မခြူးကြောင့် အဖေရော အမေရောက ယောကျ်ားလေးအချင်းချင်းတွဲတာကို အပြစ်တစ်ခုလိုမမြင်တာကြောင့်သူ့အတွက်အဆင်ပြေခဲ့ပေမယ့် ယံယံ့အမေကျ နားလည်ပေးနိုင်ပါမလားဆိုတာ စိတ်ပူနေမိသည်။ခြံရှေ့မှာကားရပ်ထားပြီး ခုချိန်ထိကားထဲကမထွက်နိုင်သေး စိတ်ကိုငြိမ်နေအောင်ပြင်ဆင်ရသေးသည်။

"မင်း အခုထိကားပေါ်ကဆင်းမလာသေးပဲဘာလုပ်နေတာလဲ"

ယံယံခြံထဲကထွက်လာပြီး သူ့ကားနားလျှောက်လာကာ ပွစိပွစိစကားဆိုတော့သည်။

"မတွေ့ရတဲ့နှစ်တွေအတွင်း ဘာဆေးတွေမှားစားမိလဲမသိဘူး အဒေါ်ကြီးနဲ့တူတူလာတယ်"

ခပ်တိုးတိုးရေရွတ်ကာ ကားပေါ်ကဆင်းလိုက်တော့ ယံယံက သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ကာ

"ဝိုး....အရမ်းတွေသပ်ရပ်နေပါလား "

ပုဆိုးနဲ့ရှပ်အင်္ကျီကို သပ်သပ်ရပ်ရပ်ဝတ်ထားပေမယ့် သူ့ခေါင်းက ဆံပင်ငွေရောင်တွေကြောင့် အမြင်ရိုင်းသလိုများဖြစ်နေမလား စိတ်ပူရသေးသည်။

"အဆင်ပြေတယ်မလား ဆံပင်ရော တစ်မျိုးတော့မမြင်လောက်ပါဘူးနော်"

"ဪ ငါ့အမေနဲ့ မင်းကအခုမှတွေ့ဖူးတာမို့လို့လား"

"အခုမှတွေ့တာမဟုတ်ပေမယ့် မတူဘူးလေကွာ ငါရင်တွေ ဘယ်လောက်တုန်နေလဲမင်းသိလား"

ရင်တုန်တဲ့အကြောင်းပြောရင်း ယံယံ့လက်တွေကို ဆုပ်ကိုင်လိုက်တော့ ယံယံက သူ့ကို မျက်လုံးအဝိုင်းသားနဲ့ ပြန်ကြည့်လာကာ

"လက်တွေလည်း အေးစက်နေတာပဲ"

"အဆင်ပြေမှာပါနော် "

"ငါကြောက်ဖို့လည်းထားပါဦး မှူးဆက်ရယ် လာ အိမ်ထဲသွားမယ်"

ယံယံနဲ့ အိမ်ထဲလိုက်ဝင်သွားတော့ အန်တီက ဧည့်ခန်းမှာ ထိုင်နေကာ သူဝင်လာတာမြင်တော့ ပြုံးပြရင်း ထိုင်ဖို့ပြောလာသည်။

"သားကို မတွေ့တာတောင်ကြာပြီ သားသားပြန်ရောက်မှပဲ မြင်ရတော့တယ်"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now