အပိုင်း(၄) Unicode

15.4K 1.4K 115
                                    

ကျောင်းသွားဖို့ ပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာလိုက်တော့ မေမေက အလုပ်သွားဖို့အဆင်သင့်ဖြစ်နေကာ မနက်စာစားဖို့ သူ့ကို စောင့်နေလေသည်။

"မေမေ မုန့်ဟင်းခါး ပြင်ပေးထားတယ် သားသား စားရုံပဲ"

အကြော်စုံ ဟင်းရည်ပူပူအငွေ့တထောင်းထောင်းနဲ့ တောင်ငူမုန့်ဟင်းခါးက စားချင်စိတ်ကို ဆွဲဆောင်နေသည်။

"သားသား ကျောင်းမှာရော သူငယ်ချင်းတွေရပြီလား"

"ဟုတ် သော်သော်နဲ့ရှားရှားတဲ့ သော်သော်ကတော့ အခန်းထဲကပဲ ရှားရှားကတော့ သော်သော်ကနေတစ်ဆင့်ခင်တာ သင်္ချာက"

"အမယ် ငါ့သားက မိန်းကလေးသူငယ်ချင်းတွေတောင် ရနေပြီပေါ့"

မေမေ့စကားကြောင့် သူရယ်မိကာ

"မဟုတ်ဘူး မေမေရဲ့ သော်သော်က ယောကျ်ားလေးပဲ နည်းနည်းနွဲ့နေတာ"

သူပြောလိုက်တော့ မေမေက ဪ ဆိုပြီး ပြုံးသည်။

"သားကို တကယ်ခင်ကြတာ မေမေရဲ့ နှစ်ယောက်လုံးက ပွင့်ပွင့်လင်းလင်းနဲ့ စိတ်ထားလည်းကောင်းတယ်"

"ဟုတ်ပါပြီ အဲ့ဒါဆိုလည်း ကျောင်းပိတ်ရက်ဖြစ်ဖြစ် အိမ်အလည်လေးခေါ်ပါဦး"

"ဟုတ် ပိတ်ရက်ကျ သားခေါ်လာခဲ့မယ်"

မနက်စာစားပြီးတာနဲ့ အမေ့ကို နှုတ်ဆက်ကာ ဆိုင်ကယ်ယူပြီး ကျောင်းကိုထွက်လာလိုက်တော့သည်။

~~~~~~~~

"ကျစ်"

ကျောင်းသွားဖို့ အိမ်အောက်ဆင်းလာပြီးမှ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် စုတ်သတ်မိကာ အလိုလိုမျက်မှောင်ကြုံ့မိလျက်သား။တစ်ခြံလုံး ဆိုင်ကယ်တွေ ပြည့်နေကာ အပေါက်ဝမှာပါ ဆိုင်ကယ်တွေက ပိတ်နေသည်။သူတို့အိမ်က ဘောလုံးပွဲဒိုင်ဆိုတော့ အခုလိုဆိုင်ကယ်တွေနဲ့ ပြည့်နေတာ ဆန်းတော့မဆန်း။ညက ဂိမ်းဆိုင်က ပြန်လာတော့ အဖေက ရှေ့ဘက်အိမ်မှာခဏလာစောင့်ပေးဆိုတာနဲ့ ဆိုင်ကယ်ကို ဒီမှာပဲထိုးထားလိုက်မိတာ အခုတော့ သူဆိုင်ကယ်က ဘယ်လိုမှထုတ်မရတော့။ဒီနေ့ ဇူးဇူးကို ကျောင်းအတူသွားဖို့ လာခေါ်မယ်ပြောထားတာ ဒီပုံအတိုင်းဆို ဘယ်လိုလုပ်ရမှန်းတောင်မသိ။

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now