အပိုင်း(၁၂)Unicode

15K 1.5K 94
                                    

ညဦးယံ ငါ့ကိုလာခေါ်ဦး.....

ညဦးယံ ငါအအေးသောက်ချင်တယ်.......

ညဦးယံ ငါ့ကိုဆေးလိပ်သွားဝယ်ပေး.....

ညဦးယံ ငါ့ကိုဘောလုံးကွင်းလိုက်ပို့ဦး.....

မတော်တဆ နှုတ်ခမ်းချင်းထိမိသွားတာလေးနဲ့ အကြပ်ကိုင်ကာ ကျောင်းတတ်တဲ့တစ်ပတ်လုံး အကုန်ခိုင်းနေတဲ့ မင်းခန့်မှူးဆက်ကို သည်းမခံနိုင်တဲ့အဆုံး new year ပိတ်ရက်ပြီးလို့ ပထမဆုံး ကျောင်းပြန်တက်တဲ့ရက်မှာတော့

"တော်ပြီ...တော်ပြီ ငါလုံးဝသည်းမခံနိုင်တော့ဘူး"

ကိုယ့်ဘာသာရေရွတ်ရင်း ဖုန်းထဲဝင်လာတဲ့ message ကိုလျစ်လျူရှုလိုက်ကာ ဖုန်းကို airplane mood လုပ်လိုက်ပြီး အတန်းထဲကိုပဲဝင်လာခဲ့လိုက်တော့သည်။

"မျက်နှာက မသာမယာနဲ့ ဘာဖြစ်လာတာတုန်း"

သော်သော်က သူ့ကိုတွေ့တာနဲ့တန်းမေးသည်။

"စိတ်တိုလို့"

"နောက်မှတို အင်္ဂလိပ်ချိန် သွားရမယ် ယံယံ့ကိုစောင့်နေတာ ဘုန်းပြည့်တောင် အဲ့ရောက်နေပြီ"

"ဟုတ်လား"

အင်္ဂလိပ်ချိန်သွားရင် မင်းခန့်မှူးဆက်နဲ့တွေ့ရဦးမယ်ဆိုတာကိုတွေးမိတော့ ခေါင်းရမ်းကာ

"တော်ပြီ ငါအင်္ဂလိပ်ချိန်မတက်တော့ဘူး"

"အမ် ဘာဖြစ်လို့လဲ"

"စိတ်မပါဘူး"

"ဒီမှာ ဘုန်းပြည့်ဖုန်းခေါ်နေပြီ"

သော်သော်က ဖုန်းကိုသူမြင်အောင်ထောင်ပြကာ စပီကာဖွင့်လိုက်ပြီး

"အေး ဘုန်းပြည့်"

"အတန်းစတော့မယ် မလာသေးဘူးလား ယံယံရော မရောက်သေးဘူးလား"

ထိုစကားကြောင့် သူအသည်းအသန်ခေါင်းပြမိသည်။

"ယံယံတော့ရောက်ပြီး ဒါပေမဲ့ နေသိပ်မကောင်းလို့ အတန်းလာမတက်တော့ဘူးတဲ့"

"ဟုတ်လား တစ်ခုခုဆို ငါ့ဆီစာပို့လိုက်နော်"

"အေးပါ အေးပါ"

ဖုန်းချသွားတော့မှ သော်သော်က သူ့ကိုကြည့်ကာ

"ကဲ‌ ပြော....စိတ်မပါရတဲ့ အကြောင်းအရင်း"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiDonde viven las historias. Descúbrelo ahora