အပိုင်း(၂၇)Unicode

12.7K 1.1K 101
                                    

ကျောင်းမှာ King Queen selection ဓာတ်ပုံရိုက်ဖို့ရှိတာနဲ့တော်ရုံတန်ရုံမဝတ်ဖြစ်တဲ့ စတစ်ကော်လံအဖြူရယ် ယောပုဆိုးအနက်ကို သေသေသပ်သပ်ဝတ်ထားတဲ့ ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်ကာ

"ကြည့်လို့ကောင်းတယ် ထင်တာပဲ"

"မနက်ကတည်းက မှန်ကြည့်နေတာ မှန်ထဲလည်း ဝင်သွားတော့မှာပဲ"

အခန်းတံခါးဖွင့်ထားတော့ သူမှန်ကြည့်နေတာကို မေမေက မြင်သွားကာ အခန်းထဲဝင်လာပြီး

"ဒီလိုလေး မြင်ချင်နေတာ ကျောင်းမှာဓာတ်ပုံရိုက်ဖို့ ရှိမှပဲ  ဝတ်တော့တယ်"

"ဟဲဟဲ မေမေ့သားချောတယ်မလား"

"ချောပါ့တော် ဒါပေမဲ့ မှူးဆက်ကိုတော့ မမှီသေးဘူး"

"ဟင်....မေမေကလဲ "

မေမေက သူ့ထက်မှူးဆက်ကိုတောင် ပိုချစ်နေသလိုထင်ရသည်။ဟိုကလည်း အိမ်လာပြီဆို မေမေ့ကိုအမြဲကပ်ချွဲတတ်တာကြောင့် မေမေက မှူးဆက်မှ မှူးဆက် ဖြစ်နေသည်။ဒါတောင် မှူးဆက်နဲ့သူ တွဲနေတာဖွင့်မပြောရသေး။

တီ....တီ....

ကားဟွန်းသံကြားတော့ သူ့ထက်အရင် မေမေ့ဆီက စကားသံထွက်လာသည်။

"မှူးဆက်ရောက်နေပြီထင်တယ် ပြီးရင်လည်း မြန်မြန်ဆင်း ဟိုက စောင့်နေရမယ်"

"သူ့ဘာသာစောင့်ပါစေပေါ့ မေမေကလဲ သားဘက်ကမပါပဲ မှူးဆက်ဘက်ကပါနေတယ်"

ညကတည်းက ပြင်ထားတဲ့ လွယ်အိတ်ကောက်ယူ အားသွင်းထားတဲ့ဖုန်းဖြုတ်ပြီး မေမေနဲ့အတူ လှေကားက ဆင်းလာကာ သူပွစိပွစ်ိ​ဆိုတော့ မေမေက ရယ်ရင်း

"သားကို နေ့တိုင်း ညတိုင်းအကြိုအပို့လုပ်ပေးနေတာ ဘယ်လောက်ကျေးဇူးတင်စရာကောင်းလဲ စိတ်လဲစိတ်ချရတယ် စောင့်နေရတော့ မေမေက အားနာလို့ပါ"

"ဟုတ်ကဲ့ပါ မှူးဆက်ကြားရင် ဝမ်းသာလုံးဆို့နေတော့မှာပဲ သား သွားပြီ "

မေမေ့ပါးကို အာဘွားပေးရင်း ခြံတံခါးဖွင့်လိုက်တော့ ကားပေါ်ကမှူးဆက်က မှန်တံခါးချကာ သူ့ကိုငေးကြည့်လာသည်။

"မျက်လုံးကြီးလဲ ကျွတ်ကျသွားဦးမယ်"

"ဟား.....ဟား....ချစ်စရာလေး"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiDonde viven las historias. Descúbrelo ahora