ညနေရောက်တော့ သော်သော်နဲ့ ရှားရှား အိမ်ကိုရောက်လာကြသည်။ဖုန်းနဲ့သတင်းမေးပြီးတာတောင် အိမ်ထိရောက်လာပုံထောက် နှစ်ယောက်သား အတော်စိုးရိမ်နေပုံရသည်။ သူခြံတံခါးသွားဖွင့်ပေးရင်း
သူ့ရဲ့ လည်ပင်းကနေ ကြိုးနဲ့သိုင်းထားတဲ့ လက်ကိုမြင်တော့ နှစ်ယောက်လုံးက စိတ်မကောင်းဖြစ်သွားကြကာ"ဘယ်လိုဖြစ်ရတာလဲ ယံယံရယ်"
"ကြီးကြီးမားမား မဟုတ်ပါဘူး အိမ်ထဲဝင်လေ"
"မဝင်တော့တော့ဘူး ခြံထဲပဲထိုင်တော့မယ်"
ခြံထဲပဲထိုင်မယ်ဆိုတာနဲ့ သုံးယောက်သား ဒန်းမှာထိုင်လိုက်ကြကာ
"ဥပဒေက အားကစားအဖွဲ့ ဆိုင်ကယ်ချင်းချိတ်မိတယ်လို့ကြားတော့ ငါ့မှာ လန့်သွားတာပဲ ယံယံလည်းပါတယ်ဆိုရော ပြေးလာချင်တာ မိရှားက practical လုပ်နေတာ ထွက်မရတာနဲ့"
"ရွာထဲက ဆိုင်ကယ်နဲ့ ရှေ့ကတစ်စီးနဲ့ချိတ်တာ ငါတို့ဆိုင်ကယ်က နောက်ကကပ်လိုက်လာတော့ ငါတို့ပါ လဲသွားတာ လက်နဲ့ထောက်မိတော့ လက်ပဲထိသွားတာပါ"
"ကျိုးတာတဲ့လား"
"မကျိုးပါဘူး အက်သွားတာ နှစ်ပတ်လောက်နေရင်တော့ ဖြုတ်လို့ရပြီပြောတယ်"
"တော်သေးတာပေါ့ဟယ် ကြီးကြီးမားမားမဖြစ်တာ"
"ဪ သူငယ်ချင်းတွေရောက်နေတာကို သားသားကအိမ်ထဲတော့မခေါ်ဘူး"
"ရတယ် အန်တီ သမီးတို့ ဒီမှာပဲထိုင်ချင်လို့"
"အဲ့ဒါဆိုလည်း သဘော ဒါပေမဲ့ ညနေစာစားပြီးမှ ပြန်ရမယ်"
"အာ...မဟုတ်တာ အန်တီရယ်...သော်သော်တို့ မစားတော့ပါဘူး"
"ဘယ်ဟုတ်မလဲ နှစ်ယောက်လုံးက အဆောင်နေတာမလား အိမ်ဟင်းအိမ်ထမင်းမစားရတာကြာရောပေါ့ ကိုယ့်အိမ်လို့ပဲ သဘောထား ညစာစားပြီးမှပြန်"
"အားနာစရာကြီး အန်တီရယ် ဘာဟင်းချက်လဲဟင်"
ရှားရှားစကားကြောင့် မေမေရော သူရော ရယ်မိတော့သည်။သော်သော်က ရှားရှားကို မျက်စောင်းလှမ်းထိုးကာ
"မိရှားမက လုပ်ပြီ"
"ပြီးရင် နင်ပဲအဝစားမှာ မဟုတ်ဘူးလား"
YOU ARE READING
သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+Zawgyi
Teen Fictionချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??