အပိုင်း(၂၁)Unicode

14.5K 1.3K 58
                                    

သူက ညပိုင်းကျောင်းသွားရတော့ မှူးဆက်နဲ့တွေ့ဖို့ နေ့ခင်းဘက်ပဲ အချိန်ပေးနိုင်သည်။အဲ့ဒီ့တော့ မှူးဆက်ကလည်း သူနဲ့တွေ့ဖို့ အိမ်အလုပ်ကို နေ့ဘက်မကူပဲ ညဘက်ကူရသည်။မှူးဆက်တို့ အိမ်အလုပ်ကို သိပ်နားမလည်တာကြောင့် ဘာတွေလုပ်ရလဲ သူသေချာမသိပေမယ့် မှူးဆက် တခါတလေ ညလုံးပေါက်မအိပ်ရတဲ့အခါမျိုးတွေရှိသည်။ကြာတော့ စိတ်ပူလာတာနဲ့ ဒီနေ့ နှစ်ယောက်သားတွေ့ဖြစ်တဲ့ အခါမှာတော့

"ဒီနေ့ အိပ်ရောအိပ်ရဲ့လား"

"အင်း...မနက်က အိပ်လာတယ်"

မှာထားတဲ့ ကြက်ဆီထမင်း၂ပွဲလာချပေးတော့ မှူးဆက်က ဆေးလိပ်တစ်ပွဲထပ်မှာကာ သူ့ကို ခွင့်တောင်းသလို ကြည့်လာတော့ သူခေါင်းညိတ်ပြလိုက်ပြီး

"ညပိုင်းတွေ ဘာရှိလို့ မင်းမိုးလင်းပေါက်ဖြစ်ဖြစ်နေတာလဲ မင်းတို့အိမ်စီးပွားရေးအကြောင်းငါနားတော့မလည်ပါဘူး ဒါပေမဲ့ မင်းအိပ်ချိန်က ဘယ်လောက်မှ မရှိသလိုပဲ"

သူမေးတော့ မှူးဆက်က ရယ်ကာ ကြက်သားတုံးကို အမွှာအမွှာဖြစ်အောင် ဖဲ့နေရင်း

"ဘောလုံးပွဲတွေက အခုရက်ပိုင်းဆို မနက် ၂နာရီလောက်ကနေ တောက်လျှောက်ပဲ  ပြီးတော့ ရှေ့အိမ်မှာက ဘောလုံးကြည့်ပဲမဟုတ်ဘူးလေ ဂျင်ဝိုင်းရောရှိတယ် အဲ့ဒါတွေ ပွဲကောင်းရင် မိုးလင်းပေါက်ပဲ မခြူးကျ မိန်းကလေးဆိုတော့ စောင့်ခိုင်းလို့မကောင်းဘူးလေ အဲ့တော့ ညပိုင်း ငါပဲစောင့်ပြီး အဖေ့ကို နားခိုင်းရတာပေါ့"

ကြက်သားတွေ ဖဲ့လို့ ပြီးသွားတော့ သူစားလက်စပန်းကန်နဲ့လဲယူသွားသည်။အဲ့ဒါမှူးဆက်နဲ့ တစ်ခုခုစားတိုင်း မှူးဆက်လုပ်ပေးနေကျအကျင့်။ကြက်ဆီထမင်းစားလို့ ကြက်သားအတုံးလိုက်တွေဆို မှူးဆက်က တစ်ကိုက်စာဆီ သေချာဖဲ့ပေးသည်။သူကတော့ ချပေးတာနဲ့ တန်းစားကာ စားရင်းနဲ့မှ ဖဲ့ဖြစ်သည်။ ပြီးကျရင် မှူးဆက်က အကုန်လုံး ဖဲ့ပေးပြီးသား ပန်းကန်အသစ်နဲ့ သူစားလက်စပန်းကန်ကို လဲပြီးစားသည်။ပြီးရင် မှူးဆက် သူ့ပန်းကန်ထဲကကြက်သားတွေပါ လာထည့်ပေးဦးမှာ။

"အဲ့ဒါ တစ်ညတစ်ညဆို ပိုက်ဆံအများကြီးရတာလား"

"အင်း.....ဒီလိုပါပဲ မလျော်ရရင်ပေါ့ ဟား...ဟား..."

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now