အပိုင်း(၁)Unicode

31.5K 1.7K 57
                                    

သူ့နာမည်က ညဦးယံ။

အခုသူရောက်နေတာက ရန်ကုန် မန္တလေး Express ကားပေါ်မှာ။မေမေက အစိုးရဝန်ထမ်းဖြစ်တာကြောင့် တာဝန်ကျရာနေရာကို ပြောင်းရွှေ့ရတတ်သည်။သူ့ကို မွေးခဲ့တာက တောင်ကြီးမှာ ဒါပေမဲ့ တောင်ကြီးမြို့ဆိုတာ ဘယ်လိုမှန်းတောင်မသိလိုက် သုံးနှစ်သားအရွယ်မှာပဲ ချင်းပြည်နယ်ဘက်က ကလေးမြို့ဆိုတဲ့ မြို့လေးကိုပြောင်းခဲ့ရပြီး ထိုမြို့လေးမှာပဲ နေခဲ့ရတာ ဆယ့်သုံးနှစ်။နေရတာ အသားကျနေပြီဆိုကာမှ အခုလည်း ထပ်ပြောင်းရပြန်တာက ကေတုမတီဆိုပြီး သမိုင်းရာဇဝင်တွင်ခဲ့တဲ့ တောင်ငူမြို့။

ဖေဖေကတော့ သူ့ကိုမွေးပြီး မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တာ​ကြောင့် အဖေဆိုတာကို ဓာတ်ပုံထဲမှာသာမြင်ဖူးခဲ့သည်။ဒီအရွယ်ထိ မေမေတစ်ယောက်ထဲ ပြုစုပျိုးထောင်ပေးခဲ့သည်။တည်ငြိမ်အေးဆေးတဲ့ အမေ့ရဲ့ ဆုံးမသွန်သင်မှုအောက်မှာကြီးပြင်းလာတဲ့သူဖြစ်တာကြောင့် သူ့စိတ်တွေကလည်း အေးအေးချမ်းချမ်းရှိနေကာ အရာရာစဉ်းစားတတ်ပြီး တစ်ဇွတ်ထိုးဆန်တတ်သူမျိုးမဟုတ်။

"ရှေ့က ရုပ်ထုနားမှာ ဆင်းမယ်နော်"

ကားစပယ်ယာကို မေမေအော်ပြောတဲ့အသံကြားမှ အတွေးတွေကိုလတ်စသတ်ကာ ပေါင်ပေါ်တင်ထားတဲ့ လွယ်အိတ်ကိုလွယ်ရင်း ဆင်းဖို့ အသင့်ပြင်ရသည်။ကားရပ်သွားတော့ မေမေက ရှေ့မှာချထားတဲ့ လက်ဆွဲခြင်းယူကာ အရင်ဆင်းသည်။

တောင်ငူမြေကို ခြေချလိုက်တာနဲ့ နေပူပူ လေပူပူတို့က အရင်လာမိတ်ဆက်သည်။ပါလာတဲ့ ခရီးဆောင်အိတ်တွေကို မေမေက စစ်နေတုန်း မေမေ့သူငယ်ချင်း အန်တီနှင်းက ဘေးနားရောက်လာကာ

"အမလေး စိမ်းရေ အခုမှတွေ့ရတော့တယ်"

"ဟယ် အနှင်းရောက်နေပြီလား စိမ်းကခုပဲဖုန်းဆက်တော့မလို့"

"ဟိုဘက်နေရိပ်ထဲမှာစောင့်နေတာ ကားကနောက်ကျလိုက်တာနော်"

"ဟုတ်တယ် လမ်းမှာဘီးပေါက်လို့ကြာနေတာ"

မေမေတို့စကားပြောနေတုန်း ဘေးကို အန်တီနှင်းယောကျ်ားရောက်လာကာ

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now