အပိုင်း(၃၆)
5K 487 66
သူ့ပါးကို လာနမ်းတဲ့ ဇူးဇူးကို အမြန်တွန်းဖယ်လိုက်ကာ
"မင်းဘာလုပ်တာလဲ မင်းကိုယ်မင်း မိန်းကလေးဆိုတာ သတိထားဦး"
"ပြန်တွဲရအောင်လေ ဇူးကို ခွင့်မလွှတ်နိုင်ဘူးလား"
"ငါတို့ပတ်သတ်မှုက ပြီးသွားပြီဆိုတာ မင်းကို အထပ်ထပ်အခါခါ သတိပေးပြီးပြီနော် ငါ့ကိုလာမရှုပ်နဲ့"
"တကယ်ပြတ်သားနိုင်လို့လား ဇူးကို ချစ်ခဲ့တာပဲ မဟုတ်ဘူးလား"
တတ်လည်းတတ်နိုင်တယ်ဆိုတဲ့ ပုံစံနဲ့ သူလှောင်ပြုံးပြုံးမိကာ
"အေး ချစ်ခဲ့တယ် အရင်က မင်းမှမင်းဖြစ်နေအောင်ကို ချစ်ခဲ့တာ အရင်လမ်းခွဲခဲ့တာ ငါမဟုတ်ဘူး မင်း....မင်းအရင်လမ်းခွဲခဲ့တာ အဲ့တုန်းက မင်းပြောတဲ့ စကားကို မင်းပြန်စဉ်းစားကြည့်စမ်းပါဦး ငါ့ကို ဘယ်လိုပြောခဲ့လဲဆိုတာ"
"ဇူး တောင်းပန်ပါတယ်"
"မလိုဘူး မတောင်းပန်နဲ့ အဲ့ကတည်းက မင်းကို ငါစွန့်လွှတ်လိုက်ပြီးသား အခု ငါချစ်တာ ညဦးယံ"
"သူက ယောက်ျားလေးလေ"
"အဲ့တော့ ဘာဖြစ်လဲ"
"မှူး"
"သူအထင်လွဲမယ့်ကိစ္စတွေ ထပ်မလုပ်ပါနဲ့တော့ ငါတောင်းပန်ပါတယ် ဒီလောက်နဲ့ ရပ်လိုက်တော့ အရင်က ပတ်သတ်ခဲ့ဖူးတာတွေကြောင့်ရယ် မိန်းကလေးတစ်ယောက်ဆိုတဲ့ စိတ်နဲ့ ငါ သည်းခံနေတာ ဒီ့ထက်လွန်လာရင် မင်းကြောင့်နဲ့ ငါတို့ ပြသာနာထပ်တက်ရရင် မင်းကို အားနာနေမှာမဟုတ်တော့ဘူး"
သူဒါပဲပြောခဲ့ပြီး ထိုနေရာက လှည့်ထွက်လာလိုက်ကာ ယံယံ့ကိုပဲ မျက်စိတစ်ဆုံးရှာမိသည်။ဆိုင်တစ်ခုလုံးနှံ့သွားတာတောင် အရိပ်အယောင်ပင် မမြင်ရတော့ အထင်လွဲသွားပြန်ပြီလားဆိုတဲ့ စိတ်နဲ့ ရင်တွေတဒိန်းဒိန်းဆောင့်ခုန်လာသည်။
ဆိုင်အပြင်ထွက်လာပြီး ဖုန်းထုတ်ဆက်လိုက်တော့ ringtone သံက မလှမ်းမကမ်းကထမြည်လာတာကြောင့် အသံကြားရာတဖြည်းဖြည်းလျှောက်သွားတော့ သစ်ပင်အကွယ်က မြင်ကွင်းက သူ့အသိစိတ်တွေ လွတ်ထွက်သွားစေသည်။ခေါင်းထဲမှာမှောင်မိုက်နေပြီးတော့ ယံယံ့စကားသံတွေလည်း သူမကြားတော့ပဲ အသိပြန်ဝင်လာတဲ့အချိန်မှာ ကိုခန့်နိုင်ကို အချက်ပေါင်းများစွာ ထိုးခဲ့မိပြီးပြီ။