ဘူမိဆောင်ရှေ့က ဆိုင်ကယ်တွေထားတဲ့ မြေကွက်လပ်မှာ ဆိုင်ကယ်ရပ်ထားပြီး အတန်းစဖို့လိုနေသေးတာနဲ့ သိင်္ဂါနဲ့သူ ဆိုင်ကယ်ပေါ်မှာပဲထိုင်ကာ ဂိမ်းဆော့ဖြစ်သည်။
"ဟား...ဟား...chicken dinner ကွ"
"မပြောဘူးလား ငါနဲ့ဆော့ရင် နိုင်ပါတယ်လို့"
စွမ်းလေးနဲ့ရဲသွေးက အခုမှရောက်လာကာ ဘေးကပ်ရပ်မှာ ဆိုင်ကယ်ရပ်လိုက်ပြီး
"အတန်းထဲမသွားသေးဘူးလား"
"စောပါသေးတယ် အင်္ဂလိပ်ချိန်မလား မင်းတို့လာတာ နောက်ကျလိုက်တာ"
သိင်္ဂါပြောလိုက်တော့ ရဲသွေးက စွမ်းလေးကိုမေးငေါ့ပြကာ
"ဒီကောင်ပေါ့ မခြူးကို မျက်နှာလိုမျက်နှာရ မနက်စာသွားပို့ပေးနေလို့"
မှူးဆက်က တပ်ထားတဲ့mask ကို မေးစေ့အောက်ဆွဲချလိုက်ကာ ပြုံးရုံသာပြုံးပြီး
"ငါ့အစ်မကို လိုက်မနေနဲ့ ရမှာမဟုတ်ဘူး"
သူ့စကားကြောင့် စွမ်းလေးက ရှုံ့မဲ့သွားကာ
"မတော်ရသေးတဲ့ ယောက်ဖရဲ့ အားပေးစကားကလည်းကွာ အားတက်ချင်စရာ"
"တကယ်ပြောတာ မင်းကို သူက အဖြေပြန်မပေးတဲ့အပြင် ယောက်ျားတောင် ပေးစားလိုက်လိမ့်ဦးမယ် ငါတောင် အိမ်မှာ သူနဲ့ကြာကြာမဆုံရဲဘူး"
"မင်း အစ်မကလည်း ထူးဆန်းလိုက်တာ"
သူ့စကားကို စွမ်းလေးက ထိုသို့မှတ်ချက်ချသည်။
"သူတို့ သူငယ်ချင်းတွေပဲ ထူးထူးဆန်းဆန်းကွာ စုံနေတာပဲ ဘာတွေမှန်းကိုမသိဘူး သူ့ကိုယ်သူလည်း ဘာ shi ဆိုလား ဘာလား သူ့လိုက်သမျှကောင်တွေကိုလည်း ယောကျ်ားပေးစားလွန်းလို့ အခုဆို သူ့ဘယ်သူမှမလိုက်ရဲတော့ဘူး မင်းပဲလိုက်နေ မကြာခင် မင်းပါယောကျာ်းရနေဦးမယ်"
သူ့စကားအဆုံး စွမ်းလေးဘေးမှာထိုင်နေတဲ့ ရဲသွေးက ဆိုင်ကယ်ပေါ်ကဆင်းပြီး မှူးဆက်ဘေးပြောင်းလာကာ
"သူနဲ့ဝေးဝေးနေမှဖြစ်မယ် တော်ကြာ ငါပါရောပါနေဦးမယ် နောက်ခါ မင်းမခြူးဆီသွားရင် ငါ့လာမခေါ်နဲ့"
ESTÁS LEYENDO
သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+Zawgyi
Novela Juvenilချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??