အပိုင်း(၂၆)Unicode

14.3K 1.2K 80
                                    

ပထမနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွက် ပထမဆုံး ကျောင်းစတက်ရက်မှာတော့ စာပဲသိပ်မသင်ကြလို့လား ပထမဆုံး ကျောင်းစတက်တဲ့ရက်ဖြစ်လို့လားမပြောတတ်ပါ ကျောင်းဝင်းထဲမှာပဲ ကျောင်းသားတွေ ရှုပ်ယှက်ခတ်နေတာ မြင်ရသည်။အတန်းထဲမှာတော့ လူတောင်သိပ်မရှိချင်။RC မှာ လူရှင်းတာနဲ့ အဲ့ဒီမှာပဲ စုထိုင်ဖြစ်ရင်း တိုးတိုးကပ်ကပ်နဲ့ နှစ်ယောက်ထဲ ကွက်ပြီး စကားပြောနေတဲ့ ဘုန်းပြည့်နဲ့ ရှားရှားကို ကြည့်ကာ ဘေးက သော်သော်ကို

"သူတို့နှစ်ယောက်က အဆင်ပြေသွားပြီလား"

"မသိဘူး အခုအဆင်ပြေပေမယ့် ဘယ်အချိန်ထသတ်မလဲ မပြောနိုင်သေးဘူး ဒါနဲ့ မှူးဆက်ရော မတွေ့ပါလား"

"အင်း သူတို့ ဌာနမှူးခေါ်လို့သွားတယ်"

"ဪ ယံယံ့ကို ပြောဦးမယ် ငါ့အကောင့်ထဲကဟာတွေယံယံတို့အကြောင်းအရမ်းသိချင်နေကြတာ"

"သိတယ်...သိတယ် ဟိုတစ်ခါ live မှာ ပါပြီးကတည်း လာ add ကြတာနည်းတာမဟုတ်ဘူး သူရောငါရော လန့်သွားတာ "

"ဟဲ..ဟဲ....ယံယံတို့အတွဲကို ချစ်စရာလေးတဲ့ "

"ငါတို့ပုံတွေတော့ မ share ခိုင်းပါနဲ့ လက်ခံတဲ့သူတွေအတွက်ကျ ဘာမှမဖြစ်ပေမယ့် လက်မခံတဲ့ သူတွေကျတော့ ငါတို့ကပြောစရာတွေ ဖြစ်နေလိမ့်မယ်"

"အင်းပါ...ငါသူတို့ကို အဲ့ဒါပြောထားတယ် သူတို့ကလည်း တိတ်တိတ်လေးပဲ share ပြီး သိချင်တာတွေ ငါ့ကို လာမေးတာလောက်ပါပဲ"

နှစ်ယောက်သားစကားကောင်းနေတုန်း ဘုန်းပြည့်နဲ့ ရှားရှားက ပြုံးစိပြုံးစိနဲ့ သူတို့အနားရောက်လာကာ

"ဒီမှာပဲ တစ်နေကုန်ထိုင်နေတော့မလို့လား"

"အမလေး သူကပဲပြောရတယ်ရှိသေးတယ် နင်တို့နှစ်ယောက်စကားပြောနေလို့ ငါတို့က ထိုင်စောင့်နေရတာလေ"

"နှစ်ယောက်က အဆင်ပြေသွားကြတာလား"

သူမေးလိုက်တော့ ဘုန်းပြည့်ကခေါင်းညိတ်ပြကာ

"အင်း ငြိမ်းချမ်းရေးရသွားတာပေါ့"

"မသိပါဘူး နှစ်ယောက်ဆုံကတည်းက တတွတ်တွတ်နဲ့ပြောနေလို့ အဖြေတောင်ရကုန်ပြီလားလို့"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now