အပိုင်း(၂၉)
4.9K 495 27
မိုးအုံ့နေတာနဲ့ ကျောင်းပိတ်ရက်ဘယ်မှမသွားဖြစ်ပဲ အိမ်ထဲအောင်းနေတုန်း ခြံရှေ့ကကြားလိုက်ရတဲ့ဆိုင်ကယ်သံနဲ့အတူ မေမေရဲ့ သော်သော်နဲ့ရှားရှားရောက်နေတယ်ဆိုတဲ့စကားကြောင့် အောက်ထပ်ဆင်းလာခဲ့သည်။
"အစောကြီးလာတယ်ဆိုတော့ ဘာလဲ စာလုပ်မလို့လား"
"အေးပေါ့ စာလုပ်ရင်း စကားပြောရင်း ဟဲဟဲ"
"အင်း အပေါ်တက်ရအောင်လေ လာ"
အပေါ်ထပ်ကို ခေါ်လာတော့ မီးဖိုခန်းထဲဝင်ဖို့ပြင်နေတဲ့ မေမေ့ဆီက
"မေမေတစ်ခုခုစီစဉ်လိုက်မယ် ဘာစားချင်ကြလဲ"
"ရတယ် အန်တီ သမီးတို့ မုန့်တွေဝယ်လာသေးတယ်"
"ဟုတ်တယ် ဘာမှမလုပ်နဲ့နော် အန်တီ "
"အေးပါ အေးပါ နေ့လည်စာတော့ စားရမယ်နော်"
"ဟီးဟီး ဟုတ်ကဲ့"
အပေါ်ထပ်ဧည့်ခန်းထဲက ဆိုဖာမှာ သုံးယောက်သားထိုင်ဖြစ်ကြရင်း သော်သော်က အရင်စကားစလာသည်။
"မှူးဆက်နဲ့ အဆင်ပြေရဲ့လား ယံယံ"
ထိုစကားကြောင့် သူသက်ပြင်းသာချမိကာ
"အင်း ပြေပါတယ် "
မေဂျာဒေးနေ့က ဓာတ်ပုံတွဲရိုက်ဖို့ ပြောတဲ့ ဇူးဇူးကို မှူးဆက်ငြင်းပေမယ့် သူရှိနေတာတောင် မှူးဆက်ကို အတင်းဆွဲကာ ဓာတ်ပုံရိုက်သွားတာကြောင့် အဲ့ကိစ္စက ခုချိန်ထိ စိတ်ထဲမှာခုနေဆဲ။
"အဲ့တစ်ယောက်ကလဲ ခုမှဘာထဖြစ်ပြန်တာလဲမသိဘူး"
"အေးလေ နင် မှူးဆက်ကို အဲ့ကိစ္စဘာမှမပြောဘူးလား"
"မပြောတော့ပါဘူး ငါ ပြသာနာမရှာချင်ဘူး စာတွေနဲ့ training တွေနဲ့ မှူးဆက်ပင်ပန်းနေတာ ဒီကိစ္စကြီးကို ငါ ပြသာနာရှာနေရင် မှူးဆက်ပဲပင်ပန်းမှာ"
"နင် မှူးဆက်ဘက်ကိုပဲ ကြည့်ပြီး လွှတ်ပေးလိုက်လို့မရဘူး အခုမရှင်းရင် နင်တို့နှစ်ယောက်ကြား တစ်ချိန်ချိန်ဝင်ရှုပ်လာလိမ့်မယ်"
"ငါ မှူးဆက်ကိုယုံတယ် ဇူးဇူးနဲ့သူပတ်သတ်မှာမဟုတ်ပါဘူး ဓာတ်ပုံရိုက်တဲ့ကိစ္စလေးနဲ့တော့ ငါ ပြသာနာမရှာချင်ဘူး
အထင်လွဲပြီး ပြသာနာရှာခံရတဲ့ ခံစားချက်ကို ငါကောင်းကောင်းနားလည်တယ် မှူးဆက်ကို အဲ့လိုမခံစားစေချင်ဘူး ဒီကိစ္စကို ငါမေ့ထားလိုက်ရင် မှူးဆက်လဲ အနေမကြပ်တော့ဘူးပေါ့ အဲ့တိုင်းပဲနေတော့မယ်"