အပိုင်း(၃၅)
4.8K 461 40
ယံယံ့မေမေက နေ့လည်စာစားဖို့ခေါ်ထားတော့ သူတက်ကြွစွာနဲ့ ပြင်ဆင်ပြီး အခန်းထဲကထွက်လာရင်း ဆိုင်ကယ်ထုတ်ဖို့ အိမ်ရှေ့ရောက်လာတော့ အဖေက သူ့ကိုမြင်တာနဲ့ အရှေ့အိမ်ကနေ သူ့ဆီလျှောက်လာကာ
"ရော့"
ဖိတ်စာတစ်စောင်ကို သူ့ရှေ့လှမ်းပေးရင်း
"မွေးနေ့ပွဲ မင်းသွားရမှာ"
သူသွားရမယ်ဆိုလို့ မျက်မှောင်ကြုံ့မိကာ ဖိတ်စာကိုယူကြည့်လိုက်တော့ စာအိတ်နောက်မှာ သူ့နာမည်ကိုရေးထားသည်။
"ဘယ်သူများလဲ"
စာအိတ်ဖွင့်ဖို့လုပ်ရင်း ကိုယ့်ဘာသာရေရွတ်လိုက်တာကို အဖေကကြားသွားပုံရကာ
"စခန်းမှူးဆီက"
"ဗျာ....စခန်းမှူးမွေးနေ့ကို သားက ဘာကိစ္စသွားရမှာလဲ"
"ဪ သူ့မွေးနေ့တော့ မင်းကိုဖိတ်မလား သူ့သမီးမွေးနေ့ သူ့သမီးက ဖိတ်ခိုင်းလိုက်တာ"
"ရှုပ်ရှုပ်ယှက်ယှက် သူ့သမီးကဖြင့် ဘယ်လိုပုံလဲတောင်မသိတာ"
"သိသိမသိသိပေါ့ကွာ စီးပွားမပျက်ချင်ရင် ဖိတ်တာကို အေးအေးဆေးဆေးသွားလိုက် လက်ဆောင်ကတော့ မင်းအမေနဲ့မိခြူးသွားဝယ်တယ်"
ဖိတ်စာကို သေချာဖတ်ကြည့်တော့‌ နေရာက CN9 မှာ နာမည်က အိမ့်ကြယ်စင်တဲ့။သိလဲမသိသလို တစ်ခါမှလဲ မကြားဖူးခဲ့။
"ဒါနဲ့ မင်း Camp က ဘယ်တော့ဝင်ရမှာလဲ"
"ဒီ semပြီးမှဝင်တော့မယ် အဖေ"
အဖေ့ကို သူcamp ဝင်ဖို့ စီစဉ်ထားတဲ့အကြောင်း သေချာပြောပြီးတာနဲ့ ဆိုင်ကယ်ထုတ်ကာ ယံယံ့အိမ်ကို မောင်းလာလိုက်သည်။ခြံတံခါးက ဖွင့်ထားပြီးသားဖြစ်နေတာနဲ့ ခြံထဲထိမောင်းဝင်လိုက်ကာ ခြံတံခါးပြန်ပိတ်နေတုန်း ယံယံက သူ့နောက်ရောက်လာကာ
"ခုမှပဲ ရောက်လာတော့တယ်"
"အင်း အဖေနဲ့ စကားပြောနေလို့ နည်းနည်းလေးနောက်ကျသွားတာ"
"လာ မေမေစောင့်နေတယ်"
မှူးဆက်ကို အိမ်ထဲခေါ်လာတော့ မေမေက ထမင်းပွဲအသင့်နဲ့ ထိုင်စောင့်နေရင်း