အပိုင်း(၁၃)Unicode

15.7K 1.4K 97
                                    

အားကစားပွဲတွေစပြီဖြစ်ကာ မနက်ခင်းဆို ဘောလီဘောပွဲ နေ့လည်ဆို ခြင်းပွဲနဲ့ ညနေဆို ဘောလုံးပွဲဆိုပြီး အချိန်ဇယားဆွဲထားသည်။ဒီမနက် ၉နာရီက  ဥပဒေနဲ့ ဓာတုဗေဒ ရှုံးထွက်ပွဲစဉ်ကစားရမှာကြောင့် အားကစားခန်းမထဲမှာ မေဂျာနှစ်ခုကလူတွေအပြည့်နေရာယူပြီးကြပြီ။ဌာနမှူးတွေရော ဆရာမတွေရော အစုံအလင်ရောက်ရှိနေကာ ယံယံတို့အသင်းနည်းပြနဲ့စကားပြောနေတုန်း ပွဲစဖို့ ဝီစီမှုတ်လိုက်တာကြောင့် ကွင်းထဲအသီးသီးနေရာယူလိုက်တော့ ခန်းမထဲကလူတွေရဲ့အားပေးသံတွေ ဆူညံစွာထွက်ပေါ်လာသည်။

မှူးဆက်တို့အတန်းမသွားသေးပဲ ကန်တင်းမှာထိုင်ဖြစ်နေတုန်း ဘုန်းပြည့်ကဆိုင်ကယ်နဲ့ရောက်ချလာကာ သူတို့ကိုတောင် အဖက်မလုပ်နိုင် အအေးဘူးတွေအများကြီးသွားမှာနေတာကြောင့် ရဲသွေးက

"ဘာလုပ်မလို့လဲ"

"အားကစားခန်းမသွားမလို့လေ"

"ဪ ဘောလီဘောပွဲရှိတယ်ကြားတယ် မင်းတို့မေဂျာလား"

"ဟုတ်တယ် ယံယံလည်းပါတယ်လေ အဲ့ဒါ အအေးသွားတိုက်မလို့"

ယံယံလည်းပါတယ်ဆိုတော့ သိင်္ဂါ့အာရုံက သူတို့ဘက်လှည့်လာကာ

"ငါတို့လည်းသွားကြည့်ရအောင်လေ မနက်ခင်းအတန်းကလွတ်လည်းကိစ္စတော့မရှိဘူးမလား"

"အင်း သွားမယ်လေ"

ထိုစကားက မှူးဆက်ဆီကထွက်လာတော့ စွမ်းလေးက ပုခုံးတွန့်ပြကာ

"ငါ့ကောင်ပုံမှန်မဟုတ်ဘူး"

ငါးယောက်သားအားကစားခန်းမကိုရောက်လာပြီး ဘေးပေါက်ကနေ တံခါးဖွင့်ဝင်လိုက်တော့ အားပေးနေတဲ့ ဆူဆူညံညံအသံတွေက ခန်းမကြီးတောင် ပေါက်ထွက်တော့မည့်အလား။လူတွေကလည်းအပြည့်ဆိုတော့ သူတို့အပေါက်ဝမှာပဲ ရပ်နေမိကြကာ မျက်လုံးတွေက နေရာလွတ်ကိုရှာနေဖြစ်သည်။

"ဘုန်းပြည့်....ဒီလာလေ ဒီမှာနည်းနည်းလွတ်သေးတယ်"

ပွဲကြည့်စင်လှေကားထစ်အပေါ်ဆုံးကနေ သော်သော်က လှမ်းမြင်ကာခေါ်တော့မှ ထိုင်လို့တော့မရပေမယ့် မတ်တပ်ရပ်ကြည့်ဖို့နေရာကောင်းတစ်ခုတော့ရသည်။ဘုန်းပြည့်က သူ့မေဂျာနည်းပြရှိရာဆီ အအေးဘူးတွေအရင်သွားပို့ပြီးမှ တက်လာသည်။

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiOpowieści tętniące życiem. Odkryj je teraz