အပိုင်း(၂)(Unicode)

17.2K 1.5K 93
                                    

အခန်းထဲကို အသီးသီး ဝင်လာကြတာ ၉နာရီခွဲအချိန်မှာတော့ အတန်းရဲ့ roll လေးခုစလုံးက လူပြည့်သလောက်ဖြစ်သွားပြီ။ဥပဒေကို လူနည်းမယ်လို့ ထင်ခဲ့တာ အခုအတိုင်းဆို ကျောင်းသားအယောက် ၁၀၀ကျော်လောက်ရှိနိုင်သည်။

"လူရှိလား လူမရှိရင် ထိုင်မယ်နော်"

ပြောတာတောင်နောက်ကျနေသေးသည် လူကအရင် သူ့ဘေးမှာထိုင်ပြီးနေပြီ။စတစ်ကော်လံအဖြူကို သေသေသပ်သပ်ဝတ်ထားကာ ပုဆိုးအပြာနုရောင်လေးကလည်း မီးပူကျလို့ ခေါက်ရိုးတောင်ပေါ်နေသေးသည်။ထိုခပ်နွဲ့နွဲ့ကောင်လေးက သူ့ကိုပြုံးပြကာ

"မိတ်ဆက်မယ်နော် ငါ့နာမည်က ခွန်သော်တာ သော်သော်လို့ခေါ်ပေါ့"

"အာ...ငါ့နာမည်က ညဦးယံပါ"

"ဟယ် နာမည်လေးက လှလိုက်တာ လူနဲ့နာမည်နဲ့လိုက်တယ်နော် ယံယံက ချစ်စရာလေး ဪ ယံယံလို့ပဲခေါ်မယ်နော်"

"ဪ ရပါတယ် ကြိုက်သလိုခေါ်ပါ"

"စကားဝဲတယ်နော် ပအို့ဝ်ပဲလား ကရင်တော့ မဖြစ်နိုင်ဘူး တို့က ပအိုဝ့်လေ"

"ဗမာ စစ်စစ်ပါ ချင်းပြည်ဘက်မှာနေခဲ့လို့ စကားနဲနဲဝဲတာပါ"

"ဪ အဲ့လိုလား ခဏပါပဲ နောက်ဆို ဝဲတာပျောက်သွားလိမ့်မယ် ဒီမှာက ကရင်တွေ ပအိုဝ့်တွေများတယ်"

"ဟဲ့ သော်သော် နင်ကအဆင်လေးနားတောင်ကပ်နေပြီပေါ့"

"ဟယ် နင်ကလည်း ငါကအခုမှ မိတ်ဆွေဖွဲ့တုန်း နင်ကရော နင့်အတန်းနင်မသွားပဲ ဒီကိုဘာလာလုပ်တာလဲ"

"နင့်ဆီလာတာပေါ့ ဟဲ့ မိတ်ဆက်ပေးဦးလေ"

ဆံပင်ဂုတ်ဝဲ အသားဖြူဖြူ ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးက သော်သော့်ဘေးအတင်းဝင်ထိုင်ကာ သူ့ကို ရက်ရက်ရောရော ပြုံးပြလာသည်။

"ညဦးယံတဲ့....ယံယံ သူက ငါ့သူငယ်ချင်း သင်္ချာက ရှားနဒီတဲ့ ရှားရှားလို့ပဲခေါ်တယ် ငါက နည်းနည်းတော့ အပေါင်းအသင်းများတယ် ဒါပေမဲ့ သူကတော့ အတွင်းသိအဆင်းသိ bff ပေါ့ အခု ငါတို့သုံးယောက်သူငယ်ချင်းဖြစ်သွားပြီနော်"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now