အပိုင်း(၁၁)Unicode

15.1K 1.4K 79
                                    

မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ တန်းကိုင်မိတာ ဘေးမှာချထားတဲ့ဖုန်းကို။facebook ဖွင့်ပြီး noti မှာ မင်းခန့်မှူးဆက် သူ့အကောင့်ကိုလက်ခံလိုက်တယ်ဆိုတာတွေ့မှပဲ စောစောစီးစီးသက်ပြင်းချနိုင်တော့သည်။ရှည်ရှည်ဝေးဝေးသိပ်မကြည့်အား messenger ကိုတန်းနှိပ်ကာ အကောင့်ကို သွားaddကတည်းက ပို့ထားတဲ့ စာကိုဝင်ဖတ်ပြီလား သွားကြည့်ရသည်။seen ပြပေမယ့် ဘာမှ ပြန်မပို့ထားတာကြောင့်ဆဲမိမလိုတောင်ဖြစ်သွားရသည်။

'ငါ့ပိုက်ဆံအိတ်တွေ့မိသေးလား'

ဒါပဲထပ်ပို့ထားလိုက်ပြီး ဖုန်းအားသွင်းကာ ရေချိုးခန်းထဲပဲဝင်လာလိုက်သည်။ကျောင်းသွားဖို့ အကုန်ပြင်ဆင်ပြီး ဖုန်းအားသွင်းထားတာဖြုတ်ကာ ပြန်စာများရောက်ပြီလားလို့ ဖွင့်ကြည့်တော့လည်း ဘာစာမှရောက်မလာ။

"ကောင်းတယ်...ကောင်းတယ် ၈နာရီခွဲနေပြီ မထသေးဘူးလားမသိဘူး"

လွယ်အိတ်ယူကာ ဘေးကဆိုင်ကယ်သော့ကိုကောက်ကိုင်ပြီးမှပြန်ချမိကာ ဆိုင်ကယ်ဆီဖြည့်ရမယ့်ကိစ္စကိုတွေးမိသည်။အမေ့ကို ပိုက်ဆံထပ်တောင်းရင်လည်း ပိုက်ဆံအိတ်ပျောက်တာမိသွားဦးမည်။ကျောင်းသွားဖို့ကို စဉ်းစားလိုက်တော့ သော်သော်နဲ့ရှားရှားက အတူသွားမှာ ပြီးတော့ ဘုန်းပြည့်ကလည်း သူ့သူငယ်ချင်းတွေနဲ့။

"ဟင်း....ငါပိုက်ဆံတွေဖွက်ထားတာမျိုး မလုပ်ဖူးဘူးလား"

စာအုပ်စင်ပေါ်က စာအုပ်ကြားတွေထဲနည်းနည်းပါးပါးလှန်လှောကြည့်ပြီး မတွေ့တဲ့နောက်ဆုံး အောက်ထပ်ကိုပဲဆင်းလာရတော့သည်။ရုံးသွားဖို့ ပြင်ဆင်ပြီး ဖြစ်နေတဲ့ အမေ့ကိုတွေ့တော့ မျက်လုံးတွေမှိတ်ကျသွားအောင်ထိပြုံးပြလိုက်ကာ

"မေမေ"

"အမလေး ဘာပူဆာမလို့လဲ"

"မပူဆာပါဘူး သားကို ကျောင်းလိုက်ပို့ပါလား ဟဲဟဲ"

"ဟင် ထူးထူးဆန်းဆန်း ဆိုင်ကယ်ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး ဒီနေ့နည်းနည်းအအေးပိုသလားလို့ ဆိုင်ကယ်မောင်းရင် လေတိုးတော့ချမ်းလို့ ဟီး"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now