အပိုင်း(၄၀)Unicode

12.9K 1.1K 50
                                    

တစ်နေကုန် တောင်တွေတက် စာတွေလုပ်နဲ့ ပင်ပန်းနေကြတာ ညစာစားပြီးချိန်မှာတော့ အိပ်ယာဝင်တဲ့သူတဲ့တစ်ချို့ကလဲဝင်ကြပြီ။လေတဖြူးဖြူးနဲ့ ကောင်းကင်မှာလည်း ကြယ်တွေစုံနေတော့ လွမ်းဆွေးမိလာတဲ့ခံစားချက်က ထိန်းချုပ်မရနိုင်။ဆေးလိပ်ဘူးနဲ့ မီးခြစ်ကိုယူကာ အိပ်ဆောင်အပြင်ဘက်က ထောင့်တစ်နေရာကို ထွက်လာလိုက်သည်။သူထွက်လာပြီး သိပ်မကြာလိုက် ရဲသွေးနဲ့ သိင်္ဂါပါ နောက်ကလိုက်ထွက်လာပြီး သူ့ဘေးဝင်ထိုင်တော့ ဆေးလိပ်ကမ်းပေးလိုက်ပြီး

"မင်းတို့အိပ်ပြီထင်နေတာ"

"ပင်ပန်းပြီး အိပ်ပျော်မယ်ထင်နေတာ တကယ်တမ်း အိပ်မပျော်ပါဘူးကွာ"

"နေရာအပြောင်းအလဲကြောင့်ဖြစ်မယ် ငါတို့ ဆေးလိပ်သောက်နေတာ တီချယ်တွေတွေ့သွားဦးမယ်"

"ဒီအချိန်မလာတော့ပါဘူး မင်း ဆေးလိပ်တွေ ပြန်သောက်‌နေတာလား"

ရဲသွေးမေးလာတော့ လက်ထဲကဆေးလိပ်ကို တစ်ချက်ရှိုက်ရင်း

"အင်း သောက်မိသွားတာပဲ"

"ယံယံ ကို မင်းမမေ့နိုင်ပါဘူး ဟုတ်တယ်မလား"

"အဲ့မေးခွန်းကို ဘယ်လိုဖြေရမလဲ ငါမသိဘူး"

"ငါတို့ အမြင်ပြောတာနော် မှူးဆက်....ယံယံ က မင်းကို တကယ်ချစ်တာပါ မင်းပြောသလို ကိုခန့်နိုင်နဲ့ နောက်ကွယ်မှာ တွဲနေတယ်ဆိုတာ မဖြစ်နိုင်ဘူး"

သိင်္ဂါက ထိုတိုင်းပြောလာတော့ သူ မဲ့ပြုံးပြုံးမိကာ

"သူတို့နှစ်ယောက် နမ်းနေတာကို ငါမြင်ခဲ့တာလေ လမ်းခွဲတဲ့ကိစ္စကြောင့် သေမလိုခံစားနေရတာတောင် သူတို့နှစ်ယောက်ပျော်နေတာကို မြင်ခဲ့တာ သူ ဘာလို့အဲ့လိုလုပ်ရက်ရတာလဲ ငါတကယ်မတွေးတတ်ဘူး"

ဒီအကြောင်းလုံးဝမပြောဘူးလို့ စဉ်းစားပြီး ဘယ်သူ့ကိုမှမပြောခဲ့တာကြောင့် အခုသူပြောလိုက်တော့ နှစ်ယောက်လုံးက အံ့ဩတကြီး သူ့ကို ကြည့်လာသည်။

"ငါက အချစ်ရေးကံမကောင်းဘူးထင်တယ်"

ဒီစကားပြောတာ ဘာလို့များ ရင်ဘတ်ထဲမှာနာကျင်နေရပါလိမ့်။

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now