နေ့လည် practical ချိန်က အစောကြီးပြီးသွားတာနဲ့ အိမ်မပြန်ဖြစ်သေးပဲ မှူးဆက်တို့လေးယောက်သား ကန်တင်းမှာ ဂိမ်းထိုင်ဆော့ဖြစ်ကြသည်။ညနေ လေးနာရီကျ မိုင်ဒါကွင်းမှာ ဘောလုံး training ဆင်းဖို့က ရှိသေးသည်။
"ရော့ သောက်ကြဦး ငါ့ရဲ့ လာဘ်ကောင်လေးတွေ"
ကိုရွှေစံက သူတို့ဝိုင်းကို အအေးပုလင်းတွေလာချပေးကာ
"ဘုန်းပြည့်ရောမတွေ့ပါလား"
"အတန်းချိန်မပြီးသေးလို့တဲ့"
"သူလာရင် ကြိုက်တာယူသောက်လို့ ပြောလိုက်ဦး"
"လောလောဆယ်တော့ ကျွန်တော့်ကို ဆေးလိပ်တစ်ပွဲပေးပါဦး"
"အိုကေ"
ဂိမ်းဆော့တာရပ်ပြီး အေးအေးလူလူ ဆေးလိပ်ထိုင်သောက်နေတုန်း ဆိုင်ထဲဇူးဇူးဝင်လာတော့ သူ့ဘေးထိုင်နေတဲ့ သိင်္ဂါက ခုံတစ်လုံးဆွဲပြီး ရဲသွေးဘေး သွားထိုင်တော့သည်။ဇူးဇူးက လွတ်သွားတဲ့နေရာမှာဝင်ထိုင်ကာ
"ဇူး စနေနေ့ ၁၃မိုင်မလိုက်ဖြစ်တော့ဘူးနော်"
"ဘာဖြစ်လို့လဲ"
"မေမေတို့တောင်ငူလာမှာမို့လို့ ဇူး ဘယ်မှသွားလို့ရမှာမဟုတ်ဘူး"
"အင်းပါအဲ့ဒါဆိုလည်း ပြီးတာပါပဲ"
"ညနေ အဆောင်လာဦးမှာလား"
"မလာဖြစ်လောက်တော့ဘူး ကိုယ် training ရှိသေးတယ်"
မျက်နှာမသာမယာနဲ့ ဘုန်းပြည့်က ဆိုင်ထဲဝင်လာကာ စွမ်းလေးရှေ့က အအေးပုလင်းကို မော့သောက်တော့
စွမ်းလေးက"ဪ ဘာဖြစ်လာပြန်တာလဲ ရင်ပူလာတာလား"
"Eco ဆရာက ကြိုလည်းမပြောပဲနဲ့ tutorial ဖြေခိုင်းတယ် ကူးလို့လည်းမရနဲ့ တိုင်တွေပတ်လို့"
စွမ်းလေးကို ပြန်ဖြေရင်း ရှေ့ကအတွဲကိုမြင်တော့ မကြည်သလိုတစ်ချက်ဖြစ်သွားရသည်။မှူးဆက်မျက်နှာနဲ့ပဲ လစ်လျူရှုလိုက်ကာ သိင်္ဂါ့ဘက်လှည့်ပြီး
"မင်းဖုန်းခဏပေးစမ်းပါဦး"
"ဘာလုပ်မလို့လဲ"
သိင်္ဂါလက်ထဲက ဖုန်းကိုလှမ်းယူလိုက်ပြီး facebook ထဲဝင်ကာ Sharr Nadiဆိုတဲ့ အကောင့်ကိုလက်ခံလိုက်တော့
YOU ARE READING
သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+Zawgyi
Teen Fictionချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??