အပိုင်း(၁၈)Unicode

16.1K 1.4K 136
                                    

စာမေးပွဲဖြေဖို့ ကျောင်းပိတ်ရက်တွေမှာ သော်သော်နဲ့ရှားရှားက သူ့အိမ်မှာ စာလာလုပ်တော့ တစ်ရက်မှကို မပျင်းရ။

"စာမေးပွဲဖြေပြီးရင် အိမ်ပြန်ရတော့မယ် မပြန်ချင်ဘူးဟယ်"

"အေးလေ ဒီမှာသင်တန်းတွေလျှောက်တက်နေရင်ကောင်းမလား မိရှား နင့်အိမ်ကိုပြောကြည့်ပါလား"

"အေးနော် ပြောကြည့်ဦးမယ် ဒါပေမဲ့ ဖြူးကတော့ ပြန်ရမှာပဲ ငါပြန်သွားရင် နင်တို့ငါ့ဆီလာလည်ကြပါလား ဖြူးဆည်လည်းရှိတယ် နေကြာပန်းခင်းကြီးတွေလည်း ရှိတယ်"

ရှားရှားစကားကို သော်သော်က သူ့ဘက်လှည့်လာရင်း

"ယံယံ တစ်ရက်လောက်ဖြစ်ဖြစ်သွားလည်ရအောင်လေ"

"အင်း....ကောင်းသားပဲ သွားတာပေါ့"

"ကျောင်းပိတ်သွားရင် ယံယံရော ဘာလုပ်မှာလဲ အိမ်မှာပဲလား"

"အမေ့သူငယ်ချင်းက ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်ထားတာလေ ငါကျောင်းပိတ်ရင် guide ဝင်လုပ်ပေးဖို့ပြောထားတော့ အဲ့ဒါလုပ်ဖြစ်မယ်ထင်တယ်"

"ကောင်းတာပေါ့ အမယ် စာမေးပွဲပြီးရင် အမှူးလေးနဲ့လည်း ရည်းစားဖြစ် ဟီး....ဟီး..."

"ယံယံထက်ကို နင်ကပိုပျော်နေသလိုပဲ သိလား"

"နင်ကရော မပျော်လို့လား  မိရှားမ ကြည့်နေ ဘုန်းပြည့်နဲ့ နင် ညားကိုညားမှာ"

"လာပြန်ပြီ ငါတို့ မှူးဆက်နဲ့ ယံယံအကြောင်းပြောနေတာ အဲ့ကောင်အကြောင်းက ဘာကိစ္စပါလာပြန်တာလဲ"

မျက်နှာဆူပုပ်ပြီး ပြောလာတဲ့ ရှားရှားစကားကြောင့် သူရော သော်သော်ရောရယ်မိတော့သည်။တစ်နာရီနီးပါးလောက်စာလုပ်ပြီးမှာတော့ မေမေလုပ်ပေးသွားတဲ့ မုန့်တွေရော အိမ်မှာရှိသမျှမုန့်တွေအကုန် ချပေးလိုက်ပြီး ခဏနားကြသည်။

"ဟယ်....ဒါ...ယံယံ့ပုံမလား အမှူးလေး တင်ထားတာ"

"ဟင်"

"ဟုတ်လား ပြစမ်း"

ရှားရှားကအရင် ပြောရင်းသော်သော့်ဘေးနားရောက်သွားကာ ပြုံးလာရင်း ဖုန်းကို သူ့ဘက်လှည့်ပြလာသည်။ဖုန်းထဲက ပေါ်နေတဲ့ပုံကိုကြည့်လိုက်တော့ မျှော်စင်ပေါ်မှာ သူရပ်နေတာကို အနောက်ကရိုက်ထားတဲ့ပုံ။

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now