ဘောလီဘောလေ့ကျင့်တာပြီးတော့ မပြန်ဖြစ်သေးပဲ အားကစားခန်းမထဲမှာပဲ ထိုင်နားတဲ့သူကနား လှဲတဲ့သူလှဲနဲ့ အမောဖြေနေတုန်း တတိယနှစ်က အကိုကြီး ကိုထူးက ရေဘူးကိုင်ကာ သူ့ဘေးလာထိုင်ပြီး
"မင်း ဘောလီဘော ကောင်းကောင်းဆော့တတ်တာပဲ"
"ဟုတ် အရင်တုန်းက အိမ်နီးနားချင်း အစ်ကိုကြီးတစ်ယောက်သင်ပေးတာ"
"ဒီနှစ်တော့ ငါတို့မေဂျာ အားကစားမှာဒိုင်းတစ်ခုခုရမှဖြစ်မယ် သူများမေဂျာတွေများ ဌာနမှာဆုတွေပြည့်လို့ ငါတို့ဌာနကတော့ ၂ခုလားပဲတွေ့တယ်"
"ကျွန်တော်တို့မေဂျာက အားကစားပါတဲ့လူတွေနည်းတာကိုး"
"အင်း ဟုတ်တယ် ရှင်းရှင်းပြောရရင်တော့ ယောကျ်ားလေးလည်းနည်းတယ် စာသမားတွေပဲများတယ်"
"ဘယ်မေဂျာက အားကစားအကောင်းဆုံးလဲ ကိုထူး"
"သင်္ချာ ရူပ ဘူမိပေါ့ကွာ သူတို့ကတော့ လုံးဝအကြိတ်အနယ်ပဲ သူတို့ထိပ်တိုက်တွေ့တဲ့ပွဲတွေဆို ရှယ်ကြည့်ကောင်းတာ ဒိုင်းတွေက သူတို့ သုံးမေဂျာပဲ တစ်လှည့်စီသိမ်းနေတာ"
"ဒီနှစ်တော့ ဘောလီဘောက ကျွန်တော်တို့နှစ်ပဲ ကိုထူး"
"ဒါပေါ့ အဲ့လိုဖြစ်ရမယ် မင်းကို အကုန်ပုံအပ်လိုက်တော့မယ်"
ကိုထူးစကားကြောင့်သူရယ်မိရင်း
"အစွမ်းကုန်ကြိုးစားပေးမယ် ယုံလိုက်တော့ ဒါနဲ့ ဘောလုံးတွေ ဌာနကို ကျွန်တော်ပဲ ယူသွားလိုက်မယ်လေ ကိုထူးက ကျောင်းဆောင်ကမလား ကျွန်တော်လမ်းကြုံတော့ ကျွန်တော်ပဲ ယူသွားလိုက်တော့မယ်"
"အေး အဆင်ပြေသားပဲ"
"ဟုတ် ကျွန်တော်သွားပြီနော် ကိုထူး"
"အေးအေး မနက်ဖြန်မှဆုံမယ်"
အားကစားခန်းမအပြင်ဘက်မှာရပ်ထားတဲ့ ဆိုင်ကယ်ရှိရာကိုလျှောက်လာရင်း ဖုန်းသံထွက်လာတာနဲ့ လွယ်အိတ်ထဲကဖုန်းကိုထုတ်ကြည့်လိုက်တော့ သော်သော့်ဆီက
"ဟဲလို"
"အေး ယံယံရေ ငါ အမေတို့လာတယ်ဆိုလို့ အဆောင်ပြန်လိုက်ရတာ အားကစားခန်းမဘက်မလာဖြစ်တော့ဘူး မနက်ဖြန် paper 2က tutorial ရှိတယ် သိလား ကျက်ရမယ့်စာရွက်ကို အတန်းထဲက ခုံပေါ်ပဲတင်ထားလိုက်တယ် အဲ့ဒါ သွားယူလိုက်ဦးနော်"
YOU ARE READING
သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+Zawgyi
Teen Fictionချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??