နှစ်ပတ်နီးပါးလောက် မှူးဆက်နဲ့ ကျောင်းတူတူသွားအပြီးမှာတော့ တော်တော်လေးကို ခင်လာပြီဖြစ်သည်။ လက်လည်း ပြန်ကောင်းလာတော့ ကိုယ့်ဘာသာကျောင်းသွားလို့ရပြီဆိုပေမယ့် မှူးဆက်က လာခေါ်မြဲဖြစ်သလို တစ်ခါတစ်လေ မှူးဆက်အိမ်ကဆိုင်ကယ်ထုတ်မရတဲ့အခါမျိုးတို့ ကားမအားတဲ့အခါမျိုးတို့ဆိုရင်တော့ သူကတစ် လှည့် သွားခေါ်ရသည်။
ဒီနေ့က ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ဆိုတော့ ကျောင်းထဲမှာအတွဲတွေ မျက်စိနောက်အောင်ကို တွေ့ရသည်။အတန်းထဲမှာလည်း လူကသိပ်မရှိ ရည်းစားမရှိတဲ့သူတွေလောက်သာ အတန်းထဲမှာ ကျန်နေခဲ့သလို။
"ချောကလက်ကလည်း ကိုယ့်ဘာသာဝယ်စားမှပဲ စားရတော့မယ်ထင်တယ်"
"ရော့ ဒီမှာ စားလေ"
မနက်က သူ့နေရာမှာ ဘယ်သူလာထားထားမှန်းမသိတဲ့ ချောကလက်ကိုထုတ်ပေးလိုက်တော့
သော်သော်က ယူကြည့်ပြီး ဂိမ်းဆော့နေတဲ့ ဘုန်းပြည့်ကို"ဟဲ့ မိရှားကို ဘာမှမပေးဘူးလား အဲ့လိုနဲ့ သူများဦးသွားမယ်နော်"
"ငါတို့ ပြသာနာတက်ထားတာမသိတာလဲ မဟုတ်ပဲနဲ့"
သိင်္ဂါကိစ္စပြောရင်း ဘုန်းပြည့်နဲ့ ရှားရှား ပြသာနာတက်ထားတာမှ အကြီးအကျယ်။
"အေးလေ သိင်္ဂါက အစကတည်းက အဲ့လိုဆိုလည်း စောစောစီးစီးပြောလေ မိရှားက သိင်္ဂါကို မျှော်လင့်ပြီး တော့မှ နင်က အဲ့လိုကြီးသွားပြောတော့ မိရှားအရှက်ကွဲတာပေါ့ဟဲ့ သူမှ ရှတာကတစ်မျိုး နင့်ရှေ့မှာ အရှက်ကွဲတာတစ်မျိုး"
"သိင်္ဂါက သူစိတ်ဝင်စားရင် ဘာဖြစ်ဖြစ်တွဲတယ် ငါတို့ထဲမှာ သူအပွေဆုံးပဲ အစကတည်းက သိင်္ဂါကို မကြိုက်ပါနဲ့ ပြောထားသားပဲ အခုမှ ရှားရှားက ပိုဆိုးလာလို့ အဲ့ကောင် အခုစိတ်ဝင်စားနေတာ ကောင်လေးလို့ပဲ ပြောလိုက်တာပါ ဘာအရှက်ကွဲစရာရှိလို့လဲ"
"နင် မိန်းကလေးတွေ စိတ်ကိုမသိပါဘူး ဘုန်းပြည့်ရယ်"
"သိင်္ဂါစိတ်ဝင်စားနေတာ ဟိုနေ့က ကောင်လေးလား"
"အင်း...ဖိုးချမ်းလေ ..ထားလိုက်ပါတော့ သိင်္ဂါကိစ္စက နည်းနည်းရှုပ်တယ်"
ČTEŠ
Teenfikceချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??