အပိုင်း(၂၀)Unicode

15.5K 1.3K 76
                                    

ဒေါက်....ဒေါက်.....ဒေါက်.....

"မှူးဆက်....မှူးဆက်......ထဦး..."

အခန်းတံခါးအဆက်မပြတ်ခေါက်သံနဲ့အတူ သူ့နာမည်ကိုပါခေါ်ပြီးနှိုးနေတဲ့ အသံတွေကြောင့် မဖွင့်ချင်သေးတဲ့ မျက်လုံးတွေကို အတင်းပြူးပြဲဖွင့်ရပြီး ဘေးက နာရီကိုကြည့်လိုက်တော့ မနက် ၅နာရီပဲရှိသေးသည်။

"ကျစ်...အစောကြီးရှိသေးတယ်"

အိပ်ယာပေါ်မှာ ချွတ်ထားတဲ့ အင်္ကျီကို လိုက်စမ်းရင်း မတွေ့တဲ့အဆုံး စောင်ပတ်ပြီးပဲ အခန်းတံခါးသွားဖွင့်တော့ မနက်ခင်းအစောကြီးတောင် မိတ်ကပ်အပြည့်နဲ့ သူ့အစ်မ။

"သွား....မျက်နှာသစ် ငါ့ကို ကားဂိတ်လိုက်ပို့ဦး"

"ကားဂိတ်ကို.....ဘယ်သွားမလို့လဲ"

"ရန်ကုန်လေ....မြန်မြန်မျက်နှာသွားသစ်စမ်းပါ"

မြန်မြန်ဆိုပြီး အတင်းတွန်းလွှတ်နေတော့  အိပ်ချင်မူးတူးနဲ့ပဲ ရေချိုးခန်းထဲဝင်လာပြီး မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ တွေ့တဲ့အင်္ကျီကောက်စွတ်ကာ အခန်းပြင်ထွက်လာတော့ ကြီးမြက

"သား ကော်ဖီသောက်မလား ကြီးမြဖျော်လိုက်မယ်"

"တော်ပြီ....ကြီးမြ မသောက်နိုင်သေးဘူး အရမ်းအိပ်ချင်နေတာပဲ သိတယ်"

အမေလည်း အပေါ်ထပ်က ဆင်းလာရင်း ဆိုဖာပေါ်မှာ အိပ်ချင်မူးတူး ဖြစ်နေတဲ့သူ့ကိုမြင်တော့

"သား ညက ရှေ့အိမ်က ပြန်လာတာနောက်ကျတယ်မလား"

"ဟုတ်တယ် အိပ်ရေးမဝသေးဘူး"

"သမီး.... မိခြူး ဟိုရောက်တာနဲ့ ဖုန်းဆက်ဦး .......အားနေ အပြင်ကြည့်လျှောက်သွားမနေနဲ့"

"ဟုတ်ကဲ့ပါ စိတ်ချ"

ထမင်းစားခန်းထဲကနေ မုန့်တွေပလုပ်ပလောင်းနဲ့ ထွက်လာတဲ့ အစ်မ ဖြစ်သူကို ကြည့်ရင်း

"ရန်ကုန်က ဘာသွားလုပ်တာလဲ သင်တန်းတက်ဖို့လား ကျောင်းကိစ္စလား"

"ဟီး.....ထိုင်းက ငါ့ကောင်လေးတွေ လာမှာလေ fan meeting သွားမလို့"

သူ့အစ်မအဖြေကြောင့် မှူးဆက် ပြန်ပြောစရာစကားလုံးတောင် ရှာမတွေ့တော့ကြောင့် ပါးစပ်အဟောင်းသားနဲ့ပဲ ကြည့်နေလိုက်တော့သည်။သူအစောကြီးထရတဲ့ အကြောင်းအရင်းက သူ့အမနှာခေါင်းမီးတောက်မဲ့ကိစ္စကြောင့်ပါလားဆိုတာ တွေးမိတော့ စိတ်ကမကြည့်တော့။

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now