ပထမနှစ်ဝက် စာမေးပွဲ နီးလာပြီဖြစ်တာကြောင့် ခံစားချက်တွေဘေးချိတ်ကာ စာကိုပဲ အာရုံစိုက်ပြီး အသည်းအသန်ကြိုးစားဖြစ်နေသည်။ထုံးစံအတိုင်း သော်သော်နဲ့ ရှားရှားက သူ့အိမ်မှာစာလာလုပ်တော့ စားဖို့သောက်ဖို့ ပြင်ပေးရင်း ပညာသင်ကိစ္စအကြောင်းဖွင့်ပြောမည်ဟု တွေးထားသည်။
မေမေလုပ်ပေးခဲ့တဲ့မုန့်တွေနဲ့ အအေးဘူးတွေကို စားပွဲပေါ်သွားချရင်း"ငါ နင်တို့ကို ပြောစရာရှိတယ်"
"ဘာအကြောင်းလဲ"
"ငါ ဩစတြေးလျကို ပညာသင်သွားဖို့လုပ်နေတယ်"
"ဟမ်"
"ယံယံ"
သူပြောလိုက်တော့ ရှားရှားရော သော်သော်ရော နှစ်ယောက်လုံး ပါးစပ်အဟောင်းသား။
"အစကတော့ စိတ်မပါပါဘူး ဌာနမှူးကလဲ လျှောက်စေချင်နေတာနဲ့ ငါလည်း လျှောက်တာကောင်းမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ"
"သေချာလား မှူးဆက်နဲ့ လမ်းခွဲလိုက်လို့ ဆုံးဖြတ်လိုက်တာတော့ မဟုတ်ဘူးမလား"
"အင်း....သူနဲ့လမ်းခွဲလိုက်လို့ ဆုံးဖြတ်ချက်ပြတ်သားသွားတာလည်း ပါပါတယ်"
"နင် ပညာသင်သွားတဲ့ ကိစ္စကိုတော့ ငါဘာမှမပြောပါဘူး နင့်ဘဝရှေ့ရေးအတွက် ကောင်းတဲ့ကိစ္စပဲလေ ဒါပေမဲ့ မှူးဆက်နဲ့ ကိစ္စမှာတော့ နင်တို့တစ်ယောက်နဲ့တစ်ယောက် နားလည်မှုများလွဲနေကြလားလို့"
"ဟဲ့ မိရှားရဲ့ ဟိုကောင်က ငါတို့မျက်စိရှေ့တင် သူ့အဆက်ဟောင်းနဲ့ အဆင်ပြေနေတာ မြင်ခဲ့တာပဲမဟုတ်ဘူးလား"
"အေးလေ ဟုတ်ပါတယ် ဘုန်းပြည့်နဲ့ငါလဲ အဲ့ကိစ္စပြောတိုင်း ခဏခဏစကားများတာပဲ မှူးဆက်က ဘယ်လိုတွေပြောထားလဲတော့မသိဘူး ဘုန်းပြည့်တို့ကတော့ မှူးဆက်မှန်တယ်ကြည့်ပဲ အဲ့လိုပဲ ငါတို့ကလည်း နင့်ဘက်ကနေ နင်မှန်တာပဲ အဲ့တော့လေ ငါစဉ်းစားမိတာပါ နှစ်ယောက်လုံးက မှန်နေကြတော့လေ နားလည်မှုများလွဲနေသလားလို့"
သူမျက်နှာမကောင်းတာကို သော်သော်ကသတိထားမိသွားပုံရကာ ရှားရှားကို ဆက်မပြောဖို့လှမ်းတားရင်း
YOU ARE READING
Teen Fictionချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??