အပိုင်း(၄၁)Unicode(Final)

21K 1.3K 115
                                    

"မင်းက ဒေါသကြည့်ပဲ စကားကိုဆုံးအောင်နားမထောင်ဘူး အေးအေးဆေးဆေးရှင်းလဲရတဲ့ကိစ္စကို"

ဘုန်းပြည့်က သူ့ကို စိတ်ပျက်သလိုပြောလာတော့ သူမျက်မှောင်ကြုံ့ရင်းနဲ့ပဲ

"ဘယ်လိုစိတ်နဲ့ အေးအေးဆေးဆေးရှင်းရမှာလဲ သူ့ကြောင့် ငါယံယံ့ကို ဘယ်လိုတွေပြောဆိုမိခဲ့လဲ အမြဲတမ်း ပြသာနာရှာနေမိတာ"

"မင်းစိတ်ကိုငါတို့နားလည်တယ် ပြသာနာကိုအေးအေးဆေးဆေးရှင်းဖို့ပြောရတဲ့အကြောင်းရင်းက ကိုခန့်နိုင်ဘက်ကို စာနာလို့"

စာနာလို့ဆိုတဲ့ သူ့သူငယ်ချင်းတွေပါးစပ်ကထွက်လာတဲ့ စကားကြောင့် သူနားမလည်နိုင်တဲ့အကြည့်တွေနဲ့ကြည့်လိုက်တော့ စွမ်းလေးက ဆက်ရှင်းပြသည်။

"ငါတို့က ဒီ​အကြောင်းကို ကိုယ်တိုင်ကြားခဲ့တာ အထပ်ထပ်အခါခါလဲ ငါတို့နှစ်ယောက်နားထောင်ခဲ့ပြီးပြီ ကိုခန့်နိုင်က သူ့ဘဝကို အရှုံးပေးချင်ခဲ့တာ မင်းကြောင့် ဆက်ရှင်သန်ဖို့ဆုံးဖြတ်လိုက်တာ မင်းအခုလို သူ့ကို ထိုးကြိတ်ပြီးရှင်းလိုက်တော့ သူ့ကိုယ်သူတစ်ခုခုမလုပ်ပါဘူးလို့ မင်းပြောနိုင်လား"

စွမ်းလေးစကားကြောင့် သူနည်းနည်းတော့ တွေဝေသွားရပြန်သည်။ဘုန်းပြည့်က ဆက်ပြီးတော့

"သော်သော် မနက်က ငါ့ဆီ ဖုန်းဆက်တယ် သူပြောတာကတော့ ကိုခန့်နိုင် မင်းကို ကြိုက်နေတယ်လို့ သူတို့က ထင်ထားပြီးသားတဲ့ ဟိုနေ့က သူ့ဆီ ယံယံဖုန်းဆက်ပြီး ကိုခန့်နိုင်ပိုက်ဆံအိတ်ထဲမှာ မင်းဓာတ်ပုံသိမ်းထားတာတွေ့တဲ့အကြောင်းပြောတယ်တဲ့ အဲ့တော့မှ သူတို့လဲပိုသေချာသွားတာ"

"အဲ့ဒါဆို အခုကိစ္စရောယံယံသိသွားပြီလား"

"အင်း ငါ သူ့ဆီ ဒီအသံဖိုင်ပို့ပေးလိုက်တယ်"

"ဟင် အဲ့ဒါဆို ငါတို့ပြန်အဆင်ပြေပြီလေ ငါတို့ပြတ်ရတာ ဒီကိစ္စကြောင့်ကို"

သူ့ရဲ့အားရဝမ်းသာအပြောကို ဘုန်းပြည့်က ခေါင်းခါကာ

"မင်းတို့ပြတ်ရတာ ဒီကိစ္စကြောင့်လို့ပဲမင်းထင်တယ်ပေါ့ မင်းမှားတာမရှိတော့ဘူးလား"

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now