ကျောင်းသင်္ကြန်ဆိုပေမယ့် ယံယံတို့အတန်းက မနက်ခင်းပိုင်း tutorial ရှိတာကြောင့် မကဲရ။ ကျောင်းမဏ္ဍပ်ကသီချင်းသံတွေကြားနေရပြီး အတန်းထဲမှာ ငုတ်တုတ်ထိုင်နေရသည်။ တစ်ချို့မေဂျာတွေဆို မုန့်လက်ဆောင်းလုပ်တဲ့အဖွဲ့နဲ့ မုန့်လုံးရေပေါ်လုံးတဲ့အဖွဲ့နဲ့ ပျော်ရွှင်လို့။
"ဒီလိုနေ့မှ tutorial က ရှိရတယ်လို့"
"ဟုတ်ပကွာ ဘူမိက ထမနဲထိုးနေတာ ငါထမနဲ စားချင်တယ်"
"မိရှားတို့မေဂျာက မုန့်လက်ဆောင်းတဲ့ သွားသောက်ချင်လိုက်တာ"
အတိုင်အဖောက်ညီနေတဲ့ နှစ်ယောက်ကို ယံယံကြည့်နေရင်းကိုယ့်မေဂျာကရော ဘာတွေများလုပ်လဲဆိုတဲ့အတွေးနဲ့
"ငါတို့မေဂျာကရောဘာတဲ့လဲ"
"မသိဘူး ငါတက်လာတုန်းက ဌာနရှေ့မှာ ရေနွေးအိုးကြီးတည်နေတာပဲတွေ့တယ်"
"EC ကိုပြောပြီး ငါတို့ tutorial စောစောဖြေလို့ရမရမေးကြည့်မလား"
သူ့အပြောကို နှစ်ယောက်သားအားရဝမ်းသာထောက်ခံကာ သော်သော်က ECဆီ ထထွက်သွားသည်။
ဖုန်းထဲ message ဝင်လာတာနဲ့ ကြည့်လိုက်တော့ မှူးဆက်ဆီက'ထမနဲလာစားပါလား'
'tutorial ရှိသေးတယ်'
သူပြန်ပို့ပြီးတော့ဘာစာမှထပ်ရောက်မလာတော့တာနဲ့ ဖြေရမယ့်စာပဲထိုင်ကြည့်နေလိုက်သည်။သော်သော်က အနားပြန်ရောက်လာကာ
"သွားပြောကြည့်မယ်တဲ့ ခွင့်ပြုရင်တော့ ဖြေလို့ရတယ်တဲ့"
"ငါ ရှားရှားကိုဒီနေ့ဖွင့်ပြောလိုက်ရင် ကောင်းမလား"
အစမရှိအဆုံးမရှိတုံးတိကြီးပြောလာတဲ့ ဘုန်းပြည့်ကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် အကြောင်သား ကြည့်ကာသော်သော်က
"ဟိုကပါးချထည့်လိုက်လိမ့်မယ်"
ရှားရှားနဲ့ ပြသာနာတက်ပြီးကတည်းက ဘုန်းပြည့်ကိုဘယ်လိုမှအတွေ့မခံတာကြောင့် ဘုန်းပြည့် ရောဂါသည်းနေတာ အလူးအလဲ။
"ဖြစ်ချင်တာဖြစ် ဒီအခြေအနေကြီးကို ဘယ်လိုမှသည်းမခံနိုင်တော့ဘူး နေလို့ထိုင်လို့ကိုမရဘူး"
YOU ARE READING
သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+Zawgyi
Teen Fictionချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??