အပိုင်း(၁၅)Unicode

16.3K 1.4K 89
                                    


မှူးဆက်ကျောင်းလိုက်ပို့တာကို သူ့ထက်ပျော်နေတာက သော်သော်နဲ့ရှားရှား။ဘုန်းပြည့်ကတော့ မှူးဆက် အနိုင်ကျင့်ရင်ပြောလို့သာပြောသည်။အခုဆို သူတို့နဲ့ မှူးဆက်တို့အဖွဲ့က တော်တော်ရင်းနှီးနေပြီဖြစ်ကာ နေ့လည်ထမင်းစားရင်တောင် တစ်ဝိုင်းထဲအတူတူစားနေကြပြီ။နေ့လည် ထမင်းစားပြီးတော့ tutorial ရှိတာနဲ့ အတန်းပြန်ဖို့ ထတော့ မှူးဆက်က သူ့လက်ကို လှမ်းဆွဲကာ

"ညနေ ငါနဲ့ ဘောလုံးပွဲ လိုက်ခဲ့မယ်မလား"

သူ့လက်ကိုလှမ်းဆွဲပြီးပြောလာတာကြောင့် တစ်ဝိုင်းထဲအတူထိုင်နေတဲ့ ဘုန်းပြည့်တို့ရော ရဲသွေး စွမ်းလေး နဲ့ သိင်္ဂါတို့ပါ တအံ့တသြပြူးပြဲပြီး ကြည့်လာကြသည်။အကြည့်တွေကြား မနေတတ်တော့တာနဲ့ သူလက်ကို အသာရုန်းလိုက်ကာ

"အင်း လိုက်ခဲ့မယ်လေ"

ဒါတောင် သူတို့နှစ်ယောက်ကိုကြည့်နေကြသေးတာကြောင့် မျက်နှာပူပူနဲ့ အရင်ရှေ့ကထွက်လာခဲ့သည်။နောက်မှာ ဘာဖြစ်ကျန်နေလဲမသိချင်တော့။

"အတန်းထဲ ပြန်မလိုက်သေးဘူးလား"

သော်သော်က ဘုန်းပြည့်ကို လှမ်းခေါ်တော့ ဘုန်းပြည့်က မှူးဆက်ကို ကြည့်နေရင်း

"သွားနှင့် ငါပြီးမှ လိုက်လာခဲ့မယ်"

"ပြီးတာပဲ"

သော်သော်ရော ရှားရှားရော ထွက်သွားပြီဆိုမှ မှူးဆက်ကို
တည့်တည့်စိုက်ကြည့်ကာ

"မင်း ထူးဆန်းနေတယ်"

သိင်္ဂါတို့ကတော့ ပြုံးစိစိနဲ့ အအေးပုလင်းကိုသာ အေးအေးဆေးဆေးသောက်နေကြသည်။မှူးဆက် စိတ်ထဲကနေတော့ လာပြန်ပြီ နောက်တစ်ယောက်လို့ တွေးလိုက်ပြီး

"ပြော..ပြော... ငါ့ကို ထူးဆန်းတယ်လို့ပြောဖို့က မင်းပဲကျန်တော့တာ"

"ယံယံကို မင်းကားနဲ့ တိုက်တာမဟုတ်ပဲ ဘာလို့အဲ့လောက်ဂရုစိုက်နေရတာလဲ ထမင်းစားတုန်းကလည်း ခွံ့မကျွေးရုံတမယ်ပဲ"

"ဖြစ်နိုင်ရင် ဝါးပြီးတော့ပါ ကျွေးချင်တာ ရပြီလား"

မှူးဆက်ပြန်ပြောတော့ ရဲသွေးက ခွီးခနဲထရယ်သည်။ဘေးက စွမ်းလေးပုခုံးကို သမီးရည်းစားတွေဖက်သလို လှမ်းဖက်ကာ

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now