အပိုင်း(၂၃)Unicode

13.6K 1.3K 68
                                    

ဆိုဖာပေါ်မှာခွေခေါက်ပြီးထိုင်နေတဲ့ သူ့နားကို အမေရောက်လာကာ နဖူးပေါ်လက်တင်စမ်းကြည့်ပြီး

"ကိုယ်တော့နည်းနည်းနွေးနေသေးတယ် ဒီနေ့မသက်သာရင်တော့ မနက်ဖြန် ဆေးခန်းသွားရမှာပဲ"

"ဟုတ်.....သား ယံယံ့ကို ခေါ်ထားတယ် အမေတို့ ဘုန်းကြီးကျောင်းသွားမှာဆို ပြင်တော့လေ"

"အေးအေး....မမြရေ မှူးဆက်အတွက် မနက်စာရပြီလား"

မေမေအော်လိုက်တော့ ကြီးမြက ဆန်ပြုတ်ပန်းကန်နဲ့ထွက်လာကာ စားပွဲပေါ်လာချပေးပြီး

"သောက်ကြည့်ဦး ရိုးရိုးဆန်ပြုတ်ပဲ ကြီးမြ ဘာသားမှမထည့်ထားဘူး"

မနေ့ကတည်းက ဘာစားစားအန်နေလို့ ဘာဖြစ်ဖြစ်တစ်ဇွန်းနှစ်ဇွန်းအပြင်ပိုမဝင်။အခုလည်း တစ်ဇွန်းလောက်စားပြီးတာနဲ့ ပျို့တက်လာတာကြောင့် ဘေစင်ကိုသာ ကမန်းကတန်း ထပြေးရသည်။

"ဒီကလေးကို ဘာကျွေးရမှန်းတောင်မသိတော့ဘူး နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ ဆေးခန်းတွေကလည်း မဖွင့်ဘူး"

"ပူမနေပါနဲ့ မေမေရယ် ခဏနေ သူ့ဒေါက်တာလာလိမ့်မယ် ဟော ....ဟိုမှာ ပြောရင်းဆိုရင်း လာပြီ"

ချိုင့်တွေကိုင်ကာ အိမ်ထဲဝင်လာတဲ့ ယံယံကို သားအမိနှစ်ယောက် ပြုံးပြုံးရွှင်ရွှင်ပဲ ကြိုဆိုရင်း

"ချိုင့်ထဲက ဘာတွေလဲ သား"

"ဆန်ပြုတ်တွေ အန်တီ.....မေမေ ပြုတ်ပေးလိုက်တာ"

"ဟုတ်လား သား အမေကို အားနာစရာ မှူးဆက်က ဘာစားစားအန်နေလို့ အခုလည်း နောက်ထဲမှာ သား သွားကြည့်လိုက်ဦး"

အမှန်ဆို သူမနေ့ကတည်းက လာချင်နေတာ မှူးဆက်က အဖျားကူးမှာစိုးပြီး လာဖို့ကို ဘယ်လိုမှလက်မခံတာနဲ့ ဒီနေ့မှရောက်လာရတာ ဒီနေ့တော့ သက်သာလောက်ပြီထင်နေတာကို ဘာစားစားအန်နေတယ်ဆိုတော့ စိုးရိမ်စိတ်က ငယ်ထိပ်ရောက်လာပြီး နောက်ထဲဝင်လာလိုက်တော့ သူ့ကိုမြင်တာနဲ့ မှူးဆက်က ခက်ယဲ့ယဲ့ပြုံးပြရှာသည်။

"ရောက်လာပြီလား"

ရေခဲသတ္တာကို မှီကာ ကြမ်းပြင်မှာ ဒီတိုင်းထိုင်ချနေတဲ့ မှူးဆက်ကြောင့် အနားကို ချက်ချင်းရောက်သွားရကာ

သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+ZawgyiWhere stories live. Discover now